ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဟင်္သာတခရိုင် ဇလွန်မြို့နယ် ကူတို့ဆိပ်ကျေးရွာအုပ်စု ကူတို့ဆိပ်ကျေးရွာတွင် (၅-၅-၂၀၁၇)နေ့နှင့် (၇-၅-၂၀၁၇)နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် အိမ်ခြေ (၃၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၁၀၀၀၀၀/-) လူဦးရေ(၁၀၈)ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ (၂၂၆၈၀၀/-) အိမ်ထောင်စု(၃၁)စုအတွက် တန်ဖိုး(၂၅၂၀၃၀/-)ရှိကဆရပစ္စည်း(၄)မျိုး (၃၁)အိမ်ထောင်စုစာ စုစုပေါင်းတန်ဖိုး (၃၅၇၈၈၃၀/-)ကို ဟင်္သာတခရိုင်ကယ်ဆယ်ရေးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၇)နေ့တွင် ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကူတို့ဆိပ်ကျေးရွာသို့ သွားရောက်၍ ပြည်သူများလက်ဝယ် အရောက်ထောက်ပ့ံခဲ့ ကြောင်းသတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)