Category Archives: News
-
လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စုနှင့် လွိုင်လင်လေးကျေးရွာအုပ်စုရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၇) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် အမိုးလန် တစိတ်တပိုင်း ပျက်စီးသွားသည့် လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်နှင့် လွိုင်လင်လေးကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၃၈) စု လူဦးရေ (၂၀၆) ဦး အတွက် ရန်ပုံငွေ (၂၈၂၇၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၃၈) အိမ်ထောင်စာကို (၉-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဂန့်ဂေါမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သည် မကွေးတိုင်းဒေကြီး၊ ဂန့်ဂေါမြို့နယ်အတွင်း (၉ – ၅ – ၂၀၁၇ ) ရက်နေ့့လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော အိမ်(၆၀)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိူး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ နှင့် ဆန််ရိက္ခာဖိုးထောက်ပ့ံငွေ ( ၂၀၁၅၁၀၀ိ/-)တို့အား ဂန့်ဂေါမြို့ ဇာဟောကျေးရွာစာသင်ကျောင်း၌(၁၁-၅-၂၀၁၇)နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့်အတူသွားရောက်ထောက်ပ့ံပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ရေကန်တူးဖော်နေမှုအား Monitorong and Evaluation Team အဖွဲ့မှ ကွင်းဆင်းကြည့်ရှု့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျုံကန်ကျေးရွာအတွင်း နွေရာသီသောက်သုံးရေ ရှားပါးမှုပြဿနာရင်ဆိုင်ကြုံတွေ့နေရသောကြောင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကုန်ကျငွေ (၇၂) သိန်းဖြင့် သောက်ရေကန်ဆောက်လုပ်လှူဒါန်းလျက်ရှိရာ Monitorong and Evaluation Team အဖွဲ့မှ (၁၁-၅-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာ၌ အရေးပေါ်ခိုလှုံရန် အဆောက်အဦးပန္နက်ချအခမ်းအနားပြုလုပ်မှုသတင်း
(၁၁-၅-၂၀၁၇) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာ၌ အရေးပေါ်ခိုလှုံရန် အဆောက်အဦးပန္နက်ချအခမ်းအနားပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်စိုး၊ ပြည်သူ့လွှတ်တော်ကိုယ်သားလှယ် ဒေါ်ခင်စန္ဒီ၊ လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူတို့ တက်ရောက်၍ ပန္နက်ချပေးခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ Monitorong and Evaluation Team အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ OXFAM၊ Action Aid နှင့် Plan International အဖွဲ့အစည်းများမှ ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဖျာပုံခရိုင်၊ ကျုံကန်ကျေးရွာအတွင်းတွင် သဘာဝဘေးကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းလေ့လာခြင်း၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ရပ်ရွာ၏လိုအပ်ချက်များနှင့် အဖွဲ့အစည်းများမှဆောင်ရွက်ပေးနိုင်သည်များကို ညှိနှိုင်းချိတ်ဆက်ပေးခြင်း၊ ဝန်ကြီးဌာနမှ ပူးပေါင်းပံ့ပိုးပေးနိုင်သည်များကိုရှင်းလင်းဆွေးနွေးခြင်းနှင့် ဆက်သွယ်ဆောင်ရွက်ရန် Call Centre နှင့် Hot Line ဖုန်းနံပါတ်များအား ရွာသူရွာသားများအား အသိပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတွင် သက်မွေးပညာရပ်သင်တန်းများ ဖွင့်လှစ်မှုသတင်း
၁၀-၅-၂၀၁၇ သင်တန်းကျောင်းရှိကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသောဗလငါးတန် ဖွံ့ဖြိုးပြီး သက်မွေးပညာရပ်များကို ကိုယ်စီတတ်မြောက်စေလျက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ ကာ ရှေ့ဆက်လျှောက်ကြရမည့်အသက်တာတွင် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်လျှက်၊ စိတ်ပိုင်းဆိုင်ရာလုံခြုံ ယုံကြည်မှု ရှိသောသူများအဖြစ်၊ လူမှုအသိုင်းအဝိုင်းတွင် ပြန်လည်ပေါင်းစည်း ပါဝင်နိုင်မည့်သူများ ဖြစ်စေရေးကိုရည်ရွယ်၍ ကြိမ်၊ ဝါး၊ ဗေဒါ တန်ဖိုးမြှင့် လက်မှုထည်ပစ္စည်းများထုတ်လုပ်ခြင်းနှင့် ဆိုဖာထုတ်လုပ်ခြင်းသက်မွေးသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်းဖြင့် ယနေ့နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး ကော့မှူးမြို့နယ်ရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကြိမ်-ဝါးလုပ် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ (၆-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး(၂) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀) ကျပ်တို့အား (၉-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ရှှာဖွေကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများလွှဲအပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသက်ကယ်အကျီင်္ ၁ဝထည် အသက်ကယ်ဘောကွင်း ၁ဝကွင်းအား ၁၁ ့ ၅ ့ ၂၀၁ရရက်န့တွင် ပြည်နယ်ဦးစီးမှူး ကိုယ်စား ဦးမောင် မောင်ကြီး ဦးစီးအရာရှိမှ အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ျရးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ် မြို့နယ်ရဲတပ်ဖွဲ့မှူး မြို့နယ်မီးသတ် မြို့နယ်ကြက်ခြေနီ တို့ထံလွှဲ ပြောင်းပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ် ဆင်ဘိုမြို့၊ မံဖွားကျေးရွာ၊ ညောင်ပင်သာကျေးရွာနှင့် တာဟိုးနားကျေးရွာတို့တွင် (၅-၅-၂၀၁၇)ရက်နေ့တွင် ဖြစ်ပွားသော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အိမ်ခြေ (၃၅) လုံး အိမ်ထောင်စု (၃၅) စု လူဦးရေ (၁၇၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၄) မျိုး ဆန််ရိက္ခာဖိုးငွေ (၃၆၉,၆၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၅၀၀,၀၀၀) ကျပ် ထောက်ပ့ံမှုအခမ်းအနားကို ဆင်ဘိုမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုးံ၌ (၉-၅-၂၀၁၇) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် ကျင်းပခဲ့ရာ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ် (၁) ဗျူဟာမှူး ဗို်လ်မှူးကြီး … Read more
-
သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်၊ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ (၅.၅.၂၀၁၇)ရက်နေ့ပဲခူးတိုင်းဒေသကြီး ၊သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်၊ကျေးရွာအုပ်စု (၇)စု၊ကျေးရွာ (၁၇) ရွာမှလေဘေးသင့် အမိုးလန်နေအိမ် ( ၉၂) လုံး၊ပြိုလဲနေအိမ် (၈)လုံး၊ ဘုန်းတော်ကြီးကျောင်း (၅)ကျောင်းတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၈)အိမ်ထောင်စာကတ္တူပုံးအပါ၊အိမ်ဆောက်ပစွည်းဘိုး ၊ ဆန်ရိက္ခာ (၇) ရက်စာ၊စုစုပေါင်း ထောက်ပ့ံငွေ ၆၀၃၇၄၀၀ အား (၉.၅.၂၀၁၇) ရက်နေ့တွင် ပြည်ခရိုင်ကယ်ဆယ်ရေးရုံး ဝန်ထမ်းများမှ အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လေဘေးသင့်ကျေးရွာများသို့သွားရောက်ကာလက်ဝယ်အရောက် ထောက်ပ့ံပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)









