ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတွင် သက်မွေးပညာရပ်သင်တန်းများ ဖွင့်လှစ်မှုသတင်း

၁၀-၅-၂၀၁၇

 

သင်တန်းကျောင်းရှိကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသောဗလငါးတန် ဖွံ့ဖြိုးပြီး သက်မွေးပညာရပ်များကို ကိုယ်စီတတ်မြောက်စေလျက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ ကာ ရှေ့ဆက်လျှောက်ကြရမည့်အသက်တာတွင် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်လျှက်၊ စိတ်ပိုင်းဆိုင်ရာလုံခြုံ ယုံကြည်မှု ရှိသောသူများအဖြစ်၊ လူမှုအသိုင်းအဝိုင်းတွင် ပြန်လည်ပေါင်းစည်း ပါဝင်နိုင်မည့်သူများ ဖြစ်စေရေးကိုရည်ရွယ်၍ ကြိမ်၊ ဝါး၊ ဗေဒါ တန်ဖိုးမြှင့် လက်မှုထည်ပစ္စည်းများထုတ်လုပ်ခြင်းနှင့် ဆိုဖာထုတ်လုပ်ခြင်းသက်မွေးသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်းဖြင့် ယနေ့နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး ကော့မှူးမြို့နယ်ရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကြိမ်-ဝါးလုပ် ငန်းရှင်များအသင်း၊ ရွှေကော့မှူးလုပ်ငန်းစုတို့ကပူးပေါင်းဖွင့်လှစ်သောကြိမ်၊ဝါး၊ ဗေဒါ တန်ဖိုးမြှင့် လက်မှု ထည်ပစ္စည်းများထုတ်လုပ်ခြင်းနှင့် ဆိုဖာထုတ်လုပ်ခြင်း၊ သက်မွေးသင်တန်းဖွင့်ပွဲ အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ် စောင့်ရှောက်ရန် လိုအပ်သောကလေးသူငယ်များအတွက် လူငယ်သင်တန်းကျောင်း (၁၀) ကျောင်းဖွင့် လှစ်ကာကုလသမဂ္ဂကလေးသူငယ် အခွင့်အရေးများဆိုင်ရာစာချုပ်ပါအခြေခံမူများ၊ ကလေးသူငယ် များ၏ အခြေခံအခွင့်အရေး(၄)ရပ်တို့နှင့်အညီကာကွယ်စောင့်ရှောက်လျှက်ရှိပြီး၊ ဆက်စပ်ဝန်ကြီးဌာန များ၊ လူမှုအဖွဲ့အစည်းများ၊ UN /INGO အဖွဲ့များနှင့် ပူးပေါင်းကာကလေးသူငယ်များ၏ သင်တန်း ကာလအတွင်း အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိမိကိုယ်မိမိယုံကြည်မှုပြည့်ဝစွာဖြင့် ကိုယ်စီ ယသက်မွေးပညာတတ်မြောက်ကြလျှက် လူ့အသိုင်းအဝန်းအတွင်း ပြန်လည်ဝင်ရောက်နိုင်ကြစေမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံကြိမ်ဝါးလုပ်ငန်းပညာရှင်များအသင်း၏ ဥက္ကဌဖြစ်သူဦးကျော်သူက အသင်း ၏ လုပ်ငန်းများဆောင်ရွက်ပုံနှင့် ကုန်ကြမ်းမှ စျေးကွက်သို့ တင်ပို့ရောင်းချခြင်း အထိလုပ်ငန်းစဉ် များကို ရှင်းလင်း တင်ပြပါသည်။

အဆိုပါ သက်မွေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ လွတ်တော်ကိုယ်စားလှယ်များ၊ ရွှေကော့မှူး လုပ်ငန်းစုနှင့် မြန်မာ ကြိမ်ဝါးဗေဒါအဆင့်မြှင့် လက်မှုထည်ထုတ်လုပ်ရေးလုပ်ငန်းစုမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်း သားလူငယ်များနှင့် စိတ်ပါဝင်စားသူ ဒေသခံများလည်းတက်ရောက်ခဲ့ကြပါသည်။ ပထမအသုတ် သင်တန်းသို့ သင်တန်းသား(၃၀)ဦးတက်ရောက်မည်ဖြစ်ပြီး၊ အခြေခံသင်တန်း(၂) ပတ်သာ ကြာမြင့် မည်ဖြစ်၍ သင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events