Category Archives: News
-
ဇလွန်မြို့နယ်၊ ကူးတို့ဆိပ်အုပ်စု၊ ကူးတို့ဆိပ်ကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၉-၅-၂၀၁၇) ရက်နေ့တွင် ဇလွန်မြို့နယ်၊ ကူးတို့ဆိပ်အုပ်စု၊ ကူးတို့ဆိပ်ကျေးရွာ၌ ကမ်းပြိုဘေးကြိုတင်ရွှေ့ပြောင်းအိမ်ခြေ (၁၉) လုံးရှိ အိမ်ထောင်စု (၁၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၉) အိမ်ထောင်စာကိုလည်းကောင်း၊ လူဦးရေ (၇၀) ဦးအတွက် ဆန်ရိက္ခာဖိုး (၁၄၇၀၀၀) ကျပ်၊ အိမ်ခြေ (၁၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၉၀၀၀၀၀) ကျပ်တို့ကို (၁၁-၅-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မ ှတာဝန်ရှိသူများသည် ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: … Read more
-
မင်းပြားမြို့နယ်၊ သံထောင်ကျေးရွာကျေးရွာ၌ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ သံထောင်ကျေးရွာ၌ (၁၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သောအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉) မျိုး (၁) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်တို့အား (၁၁-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၉-၅-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅) စုမှ ကျေးရွာခွဲ (၁၀) ရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်အိမ်ခြေ (၁၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုေးငွ (၁၈၄၀၀၀၀) ကျပ်၊ ပြိုကျအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်၊ ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် (၁၀၀၀၀၀) ကျပ်၊ လူဦးရေ (၇၂) ဦးအတွက် ဆန် (၇) ရက်စာဖိုးငွေ (၁၅၁၂၀၀) ကျပ်၊ အိမ်ထောင်စု (၁၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း … Read more
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ သံကိုင်းကျေးရွာ၌ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ သံကိုင်းကျေးရွာ၌ (၃-၅-၂၀၁၇) ရက်နေ့မှ (၅-၅-၂၀၁၇) ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၁၁) အိမ်နှင့် လူဦးရေ (၄၆) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၉၆,၆၀၀) ကျပ် စုစုပေါင်း (၁,၁၉၆,၆၀၀) ကျပ်တို့အား (၁၁-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာလေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင် အောင်လံမြို့နယ် တပ်ကုန်းကျေးရွာတွင်( ၉- ၅-၂၀၁၇ )နေ့၌ဖြစ်ပွားခဲ့သော လေ ဘေးသင့်အိမ်ထောင် စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ဆန်ဖိုးငွေ (၁၈၉၀၀/-)အိမ်ဆောက်ပစ္စည်းဖိုး ငွေ (၂၀၀၀၀၀/-) စုစုပေါင်း (၂၁၈၉၀၀/-) အား (၁၁- ၅ -၂၀၁၇ )နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source: သရက်ခရိုင် ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးဖြစ်ပွားမှုအခြေအနေများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ဆောင်ရွက်ချက်များ
လေပြင်းဘေးဖြစ်ပွားမှုအခြေအနေများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ဆောင်ရွက်ချက်များ – ယခုလတ်တလောကာလ မြန်မာနိုင်ငံတစ်ဝှမ်း လေပြင်းတိုက်ခတ်မှု များကြောင့် ၂၀၁၇ ခုနှစ်၊ မေလ (၅) ရက်နေ့မှ (၁၀) ရက်ထိ (၆) ရက် တာကာလအတွင်း၌ စုစုပေါင်းအိမ် (၄၃၇) လုံး၊ လုံးဝပျက်စီး (၄၃၆၃) လုံးတစ်စိတ်တစ်ပိုင်းပျက်စီး၊ ဘာသာရေးအဆောက်အဦ (၄၆) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းနှင့် လူ (၄) ဦးသေဆုံးပြီး (၉) ဦး ဒဏ်ရာရရှိခဲ့ပါသည်။ – အဆိုပါ မေလ (၅) ရက်နေ့မှ (၁၀) … Read more
-
ဟင်္သာတမြို့နယ်၊ ကော်ဇံကျေးရွာအုပ်စု၊ ကော်ဇံကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၉-၅-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ကော်ဇံကျေးရွာအုပ်စု၊ ကော်ဇံကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်(၇)ရက်စာဖိုးငွေ (၁၂၆၀၀) ကျပ်၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁) အိမ်ထောင်စာ တို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၇) ရက်နေ့တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး … Read more
-
ပြည်ထောင်စုနယ်မြေအတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုနယ်မြေ အတွင်း(၁၀- ၅ – ၂၀၁၇ ) ရက်နေ့ ့လေပြင်း တိုက် ခတ် မှုကြောင့် ပုဗ္ဗသီရိမြို့နယ်၊ ကျောက်စရစ်ကုန်းကျေးရွာ၊ ဇလုတ် ကြီးကျေးရွာ၊ ဖြုတ်ခွဲကျေးရွာ၊ ဖြုတ်စုကျေးရွာ၊ အင်ကြင်း စုကျေးရွာ များနှင့် တပ်ကုန်းမြို့နယ်၊ ဇီးကုန်းကျေးရွာသို့ သွားရောက်၍ ပြိုလဲနေ အိမ်(၂၁) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ထောက်ပ့ံရေး ပစ္စည်း (၂၁)ပုံးအား လည်းကောင်း၊ အမိုးလန်ပျက်စီးနေအိမ်(၆၆)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုးပါ ထောက်ပ့ံရေးပစ္စည်း (၆၆) ပုံး … Read more
-
ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့နယ်၊ ကျောက်ပြင်ကျေးရွာစာကြည့်တိုက် အတွက် ဆိုလာမီးအိမ်လှူဒါန်းမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၃-၂၀၁၇) ရက်နေ့ ပြည်ထောင်စုဝန်ကြီး၏ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ခရီးစဉ်တွင် ကျောက်ပြင်ကျေးရွာစာကြည့်တိုက်အတွက် ဆိုလာမီးအိမ် (10_watt) (၃) လုံးထောက်ပံ့ရန် ပြောကြားခဲ့ပါသဖြင့် (၁၁-၅-၂၀၁၇) ရက်တွင် ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ဆ်ိုလာမီးအိမ် (၃) လုံးအား သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့၌ လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့၌ (၅-၅-၂၀၁၇) ရက်နေ့တွင် မိုးသက်လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၃) စု၊ လူဦးရေ (၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်တို့အား (၁၁-၅-၂၀၁၇) ရက်နေ့တွင် ရှင်ဗွေယန်မြို့နယ်မှ တာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)









