ပြည်ထောင်စုနယ်မြေအတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

11-Pic02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုနယ်မြေ အတွင်း(၁၀- ၅ – ၂၀၁၇ ) ရက်နေ့ ့လေပြင်း တိုက် ခတ် မှုကြောင့် ပုဗ္ဗသီရိမြို့နယ်၊ ကျောက်စရစ်ကုန်းကျေးရွာ၊ ဇလုတ် ကြီးကျေးရွာ၊ ဖြုတ်ခွဲကျေးရွာ၊ ဖြုတ်စုကျေးရွာ၊ အင်ကြင်း စုကျေးရွာ များနှင့် တပ်ကုန်းမြို့နယ်၊ ဇီးကုန်းကျေးရွာသို့ သွားရောက်၍ ပြိုလဲနေ အိမ်(၂၁) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ထောက်ပ့ံရေး ပစ္စည်း (၂၁)ပုံးအား လည်းကောင်း၊ အမိုးလန်ပျက်စီးနေအိမ်(၆၆)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုးပါ ထောက်ပ့ံရေးပစ္စည်း (၆၆) ပုံး အားလည်းကောင်း၊ (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ (၇၄၇,၆၀၀ိ/-) နှင့်အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅,၉၈၀,၀၀၀ိ/-) စုစုပေါင်းထောက်ပ့ံ ငွေ (၆,၇၂၇,၆၀၀ိ/-) အား ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီး ဌာနဒုတိယ ညွှန်ကြားရေး မှူးချုပ်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ်ဦးရည်မွန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင် ဆွေနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းတို့မှ ဘေး သင့်ပြည်သူများလက်ဝယ် အရောက်ပူး ပေါင်းပါဝင် သွားရောက်ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်

Sign Up

Upcoming Events