ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

12_pic02
(၉-၅-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅) စုမှ ကျေးရွာခွဲ (၁၀) ရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်အိမ်ခြေ (၁၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုေးငွ (၁၈၄၀၀၀၀) ကျပ်၊ ပြိုကျအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်၊ ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် (၁၀၀၀၀၀) ကျပ်၊ လူဦးရေ (၇၂) ဦးအတွက် ဆန် (၇) ရက်စာဖိုးငွေ (၁၅၁၂၀၀)  ကျပ်၊ အိမ်ထောင်စု (၁၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၉) အိမ်ထောင်စုစာနှင့် ပြိုလဲအိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာတို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၇) ရက်နေ့တွင် လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ  လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events