လေပြင်းဘေးဖြစ်ပွားမှုအခြေအနေများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ဆောင်ရွက်ချက်များ

လေပြင်းဘေးဖြစ်ပွားမှုအခြေအနေများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ဆောင်ရွက်ချက်များ

16191612122
–    ယခုလတ်တလောကာလ မြန်မာနိုင်ငံတစ်ဝှမ်း လေပြင်းတိုက်ခတ်မှု များကြောင့် ၂၀၁၇ ခုနှစ်၊ မေလ (၅) ရက်နေ့မှ (၁၀) ရက်ထိ (၆) ရက် တာကာလအတွင်း၌ စုစုပေါင်းအိမ် (၄၃၇) လုံး၊ လုံးဝပျက်စီး (၄၃၆၃) လုံးတစ်စိတ်တစ်ပိုင်းပျက်စီး၊ ဘာသာရေးအဆောက်အဦ (၄၆) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းနှင့် လူ (၄) ဦးသေဆုံးပြီး (၉) ဦး ဒဏ်ရာရရှိခဲ့ပါသည်။
–    အဆိုပါ မေလ (၅) ရက်နေ့မှ (၁၀) ရက်နေ့အတွင်းလေပြင်းတိုက်ခတ် မှုများကြောင့် ဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများနှင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူများ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများသည် ဘေးသင့်ဒေသများသို့သွားရောက်၍ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိရာဆန်ရိက္ခာဖိုးများ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းဖိုးများ၊ သေဆုံး/ဒဏ်ရာရရှိသူများအတွက် စုစုပေါင်း (၁၁၄၄.၁၆၄) သိန်းထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ထောက်ပံ့ကူညီမှုများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။
–    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးသင့်ပြည်သူများ လတ်တလော စားဝတ်နေရေးသက်သာ ချောင်ချိစေရေးအတွက် ထောက်ပံ့ လျက်ရှိရာ တွင်လည်း ပိုမိုထိရောက်သောကူညီထောက်ပံ့မှုများဖြစ်စေရန် ထောက်ပံ့မှုနှုန်းထားများ တိုးမြှင့်နိုင်ရေးဆောင် ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင်-
-သဘာဝဘေးအန္တရာယ်များကြောင့်သေဆုံးသူ (၁) ဦးလျှင်(၃) သိန်းနှုန်း
-သဘာဝဘေးအန္တရာယ်များကြောင့်ဆေးရုံတက်ဒဏ်ရာရလူနာ (၁) ဦး လျှင် (၅) သောင်းနှုန်း
-လုံးဝပျက်စီးအိမ်များအတွက် အိမ်အမျိုးအစားနှင့်ပျက်စီးမှုပေါ်မူတည်၍    (၁) သိန်းမှ (၂) သိန်းနှုန်း
တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်/ဘာသာရေးကျောင်းများအတွက် ပျက်စီးမှုပေါ်မူတည်၍ (၁) သောင်းမှ (၁) သိန်းနှုန်း
-လုံးဝပျက်စီးသွားသောမီးတားကြိုတင်ဖျက်သိမ်းအိမ်/ဘာသာရေးကျောင်းများအတွက် (၁) သိန်းနှုန်း
မြေပြိုကမ်းပြိုဘေးများအတွက်ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသောအိမ်/ဘာသာရေးကျောင်းများအတွက် (၁) သိန်းနှုန်း
-လူတစ်ဦး (၁) ရက်လျှင်ဆန် (၂) ဘူးနှုန်း (ကျသင့်ငွေ၃၀၀ ကျပ်နှုန်း) ဖြင့် အနည်းဆုံး (၇) ရက်စာ ထောက်ပံ့ပေးလျက်ရှိပါသည်။
–    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအနေဖြင့် ဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုများ တိုးမြှင့်ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီးဘေးမဖြစ် မီကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေး၊ သဘာဝဘေး အသိပညာပေးလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။
–    ပြည်သူများအနေဖြင်‌့လည်း သဘာဝဘေးဆိုင်ရာကြိုတင် သတိပေးမှုများ၊ လိုက်နာဆောင်ရွက်ရန်အသိပညာပေးနှိုးဆော်မှုများကို စဉ်ဆက်မပြတ်လေ့လာသိရှိ လိုက်နာဆောင်ရွက်ခြင်းအားဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများမှ လျော့နည်း သက်သာစေရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင် ရွက်နိုင်ပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

Sign Up

Upcoming Events