Category Archives: News
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် မောက်မယ်မြို့နယ်အတွင်းမှ လူသစ်စုဆောင်းခံရမည်ကိုစိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်လာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၄၅) စုမှ လူဦးရေ (၁၉၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၄၅) အိမ်ထောင်စာနှင့် ဆန်/ဆီ ရိက္ခာဖိုးငွေ (၄၉၅,၃၀၀) ကျပ် တို့အား ဆီဆိုင်မြို့နယ် ထွေ/အုပ်မှတစ်ဆင့် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ရုံးပင်ကန်ရွာနှင့် စစ်ဆေးတဲရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀/-) ကျပ်၊ လူ (၃၂) ဦးအတွက် ဆန် (၇) ရက်စာ (၆၇၂၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၆) အိမ်ထောင်စုတို့အား (၁၇-၅-၂၀၁၇) ရက်နေ့တွင် မြိ်ုနယ်ထွေအုပ်ရုံးမှတဆင့် သွားရောက်ထောက် ပ့ံပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ် ပူးတွဲဆန်းစစ်လေ့လာချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားမှုသတင်း
၁၇-၅-၂၀၁၇ ၊ နေပြည်တော် ရခိုင်ပြည်နယ် ပူးတွဲဆန်းစစ်လေ့လာချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၁၇-၅-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်၊ Kempinski ဟိုတယ်တွင် ကျင်းပပြုလုပ်ရာ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက အစိုးရအဖွဲ့သစ်အနေဖြင့် စတင်တာဝန်ယူကတည်းက ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဥပဒေနှင့်အညီ အုပ်ချုပ်သည့် စီမံအုပ်ချုပ်မှုစနစ် ပေါ်ပေါက်ရေးနှင့် လူတိုင်း လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် အခြေအနေ၊ … Read more
-
သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၇) ရက်နေ့(၁၃:၃၀) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်ထိ မောင်တောမြို့နယ်၊ ဗောဓိကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ မိုးကြိုးဘေးအန္တရာယ်နှင့်ပတ်သက်၍ သတိထားဆောင်ရွက်ရမည့် အသိပညာဗဟုသုတများဆွေးနွေးခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ နံရံကပ်စာစောင်များဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၇၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ (၁၇-၅-၂၀၁၇) ရက်နေ့ (၀၈း၃၀)နာရီတွင် ပေါက်တောမြို့၊ ရပ်ကွက်(၃)၊ မီးလောင်ကျွမ်းမှုကြောင့် လု့ံးဝပျက်စီး အိမ်ခြေ (၁၅)လုံးမှ လူဦးရေစုစုပေါင်း(၆၀)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၁၅)စုစာ ၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၁၂၆၀၀၀ိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀၀ိ/-)၊ဒဏ်ရာရလူနာ(၁၆)ဦးတို့အတွက် တစ်ယောက်လျှင်(၅၀၀၀၀ိ/-)နှုန်း (၈၀၀၀၀၀ိ/)စုစုပေါင်း(၃၉၂၆၀၀၀) အား ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး၊ လမ်းပန်းဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးတို့နှင့်အတူ သွားရောက်ထောက်ပံ့ပးခဲ့ကြောင်းသတင်းရရှိသည်။Sourceး ရခိုင်ပြည်နယ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်တော်မြို့နယ်သလူချောင်းကျေးရွာလေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၁၇)ရက်နေ့ ကျောက်တော်မြို့နယ်သလူချောင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁)လုံး သွပ်ပြား ၃ဝချပ်ခန့်လွှင့်ပါပျက်စီးခဲ့ရပြီး အိမ်ထောင်စု (၁ )စုမှ လူဦးရေ ၄ဦးအတွက် ကဆရပစ္စည်း ၆မိိျုး အိမ်ထောင်စု ၁ စုစာ အိမ်ဆောက်ပစ္စည်းဖိုး (၁)သိန်း ဆန်ရိက္ခာ(၇)ရက်စာဖိုး ၈၄၀၀ စုစုပေါင်း (၁၀၈၄၀၀/-) အား ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံး ခန်းတွင် (၁၇- ၅-၂၀၁၇)ရက်နေ့တွင် မြို့နယ်ထွေအုပ်သို့လွှဲပြောင်းပေးခဲ့ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိသည်။Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပေါင်းတည်မြို့နယ်၊သဖန်းပင်ဆိပ်ကျေးရွာလေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိ သူများ သည် (၁၂-၅-၂၀၁၇)ရက်နေ့ ပေါင်းတည်မြို့နယ်၊ သဖန်း ပင်ဆိပ်ကျေး ရွာအုပ်စု၊ သဖန်းပင်ဆိပ်ကျေးရွာ၌ လေပြင်းဘေး တိုက်ခိုက် မှုကြောင့် အမိုးလန်(၂)အိမ်တွက် အိမ်ဆောက်ပစ္စည်းဖိုးး (၁၀၈၀၀၀/-) အား (၁၆.၅.၂၀၁၇) ရက်နေ့တွင်ထောက်ပ့ံပေးခဲ့ကြောင်းသတင်းရရှိသည်။Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာ၌ (၉-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၈,၄၀၀) ကျပ်အား (၁၆-၅-၂၀၁၇) ရက်နေ့တွင် ရွှေတောင်အုပ်ချုပ်ရေးဦးစီးဌာနသို့ ဘေးသင့်ပြည်သူလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ဒီပဲယင်းမြို့နယ်၊ မင်းဆွေနှစ်ကျေးရွာမှ လေဘေးသင့်အိမ်ခြေ (၂) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၅) မျိုး (၂) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀,၀၀၀) ကျပ်နှင့် စိုင်းပြင်ကျေးရွာမှ ဘေးသင့်အိမ်ခြေ (၁၅၆) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၅) မျိုး (၁၅၆) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇,၃၆၀,၀၀၀) ကျပ်တို့အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်အတူ (၁၇-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
၂၀၁၇ ခုနှစ်၊ နွေရာသီကာလအတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သောက်သုံးရေဖြန့်ဝေပေးမှုနှင့် ရေတွင်း/ရေကန်များ ထောက်ပံ့ပေးမှုအခြေအနေသတင်း
၂၀၁၇ ခုနှစ်၊ နွေရာသီကာလတွင် သောက်သုံးရေရှားပါးပြတ်လပ်မှုဒဏ်ကိုခံစားနေရသည့် အတွက် ရေလိုအပ်ချက်များ ကူညီပေးပါရန် ပြည်သူများက ဦးစီးဌာန Call Center သို့ ဆက်သွယ် အကူအညီတောင်းခံလာမှုများအပေါ် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ဦးစီးမှူးရုံးများက ကွင်းဆင်း စိစစ်၍ လည်းကောင်း၊ ဒေသအလိုက် လိုအပ်ချက်များအရသော်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာနမှ အခြားသောဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ပြည်သူများသောက်သုံးရေရရှိစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ထိုသို့ထောက်ပံ့လျက်ရှိရာ (၆-၄-၂၀၁၇) ရက်နေ့မှ (၃၀-၄-၂၀၁၇) ရက်နေ့အထိ တစ်လတာကာလအတွင်း တိုင်းဒေသကြီး/ ပြည်နယ် (၆) ခုရှိမြို့နယ် … Read more









