ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် မောက်မယ်မြို့နယ်အတွင်းမှ လူသစ်စုဆောင်းခံရမည်ကိုစိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်လာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၄၅) စုမှ လူဦးရေ (၁၉၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၄၅) အိမ်ထောင်စာနှင့် ဆန်/ဆီ ရိက္ခာဖိုးငွေ (၄၉၅,၃၀၀) ကျပ် တို့အား ဆီဆိုင်မြို့နယ် ထွေ/အုပ်မှတစ်ဆင့် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

 

Sign Up

Upcoming Events