Category Archives: News
-
မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ကျုံတနီးကျေးရွာအုပ်စု၊ ဖုန်းဆိုးတောင်ကျေးရွာအုပ်စုနှင့် ဆင်လမ်းကြီးကျေးရွာအုပ်စုတို့မှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ကျုံတနီးကျေးရွာအုပ်စု၊ ဖုန်းဆိုးတောင်ကျေးရွာအုပ်စုနှင့် ဆင်လမ်းကြီးကျေးရွာအုပ်စုတို့၌(၁၉-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုး(၂)ပုံး၊ အမိုးလန်ခဲ့သည့်နေအိမ် (၁၉) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၁၉)ပုံးတို့အား ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများမှ လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဟင်္သာတမြို့နယ်၊ ပြာသာအုပ်စု၊ ရေကျော်ရွာနှင့် အုပ်အိုင်ရွာ၊ အင်္ဂပိုအုပ်စု၊ ကွမ်းခြံကုန်းရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဟင်္သာတမြို့နယ်၊ ပြာသာအုပ်စု၊ ရေကျော်ရွာနှင့် အုပ်အိုင်ရွာ၊ အင်္ဂပိုအုပ်စု၊ ကွမ်းခြံကုန်းရွာတို့၌ (၁၉-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့်အိမ်ခြေ (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးကိုလည်းကောင်း၊ အမိုးလန်ခဲ့သည့်အိမ်ခြေ (၁၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးကိုလည်းကောင်း ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကယ်ဆယ်ရေး) မှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၇) ရက်နေ့တွင် ဘေးဖြစ်သည့်နေရာများသို့ သွားရောက်ကာ ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြန်မာနိုင်ငံလူငယ်မူဝါဒ မူကြမ်းရေးဆွဲပြီးဖြစ်သဖြင့် အတည်ပြုပြဌာန်း နိုင်ရေးအတွက် လုပ်ငန်းကော်မတီ(ပထမအကြိမ်) အစည်းအဝေးကျင်းပမှုသတင်း
၂၁.၅.၂၀၁၇ ၊ နေပြည်တော် နိုင်ငံတော်၏အနာဂါတ်ကို ပုံဖော်ကြမည့် နိုင်ငံတော်၏တာဝန်များကို လက်ဆင့်ကမ်းတာဝန်ယူကြမည့် လူငယ်များသည် မိမိတို့၏တန်ဘိုးရှိသော အလားအလာများကို သိမြင်ကြရန်လိုအပ်ကြောင်း၊ အရည်အသွေးပြည့်ဝပြီး မိမိတို့၏ အစွမ်းအစကို ဖော်ထုတ်ပြသနိုင်ပြီး လူမှုကျင့်ဝတ်များကို လေးစားလိုက်နာ သူများအဖြစ် တာဝန်ယူစိတ်ဖြင့် ဆောင်ရွက်တတ်သူများဖြစ်လာစေရန် လူငယ်မူဝါဒကို ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်းဖြင့် ယနေ့နံနက်က နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားရာတွင် … Read more
-
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အာလောင်ကျေးရွာနေ မိုးကြိုးပစ်ခံရသူ၏ ကျန်ရစ်သူမိသားစုထံ ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
(၁၆-၅-၂၀၁၇) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ပုသိမ်ကြီးမြို့နယ်၊ အာလောင်ကျေးရွာနေ မိုးကြိုးပစ်ခံရသူ (၁) ဦး၏ ကျန်ရစ်သူမိသားစုထံ ထောက်ပံ့ငွေ (၃) သိန်းကျပ်အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကျောက်မဲမြို့နယ်၊ ကွန်ကော်ကျေးရွာအုပ်စု၊ တော့ဖဲကျေးရွာမှ ရပ်ကွက် (၈) ဓမ္မာရုံသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၂၀-၅-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ကွန်ကော်ကျေးရွာအုပ်စု၊ တော့ဖဲကျေးရွာမှ ရပ်ကွက် (၈) ဓမ္မာရုံသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၈) စုမှ လူဦးရေ (၉၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၂၈) စုစာနှင့် ဆန် (၇) ရက်စာ (၁၉၉၅၀၀) ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
အင်္ဂပူမြို့နယ်၊ ကျေးရွာအုပ်စု ၅ စု၊ ကျေးရွာခွဲ ၈ ရွာမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
အင်္ဂပူမြို့နယ်၊ ကျေးရွာအုပ်စု (၅) စု၊ ကျေးရွာခွဲ (၈) ရွာ၌ (၁၉- ၅-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် လူနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး ၂ အိမ်ထောင်စာ၊ အမိုးလန်ခဲ့သည့် အိမ်ခြေ (၁၆) လုံးမှ အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း ့ ၄ မျိုး ၁၆ အိမ်ထောင်စာတို့ကို ဟင်္သာတခရိုင်ကယ်ဆယ်ရေးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၇) ရက်နေ့တွင် အင်္ဂပူမြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ အမှတ် (၁) ရပ်ကွက်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
(၃-၅-၂၀၁၇) ရက်နေ့တွင် ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ အမှတ် (၁) ရပ်ကွက်၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပုဗ္ပသီရိမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာသို့ သောက်ရေသန့်နှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေမှုသတင်း
(၁၆-၅-၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ပုဗ္ပသီရိမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာသို့ သောက်ရေသန့်ဂါလံ (၉၀၀) သွားရောက်ဖြန့်ဝေပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
ကော့သောင်းမြို့နယ်၊ အောင်ဘာကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
(၂၉-၄-၂၀၁၇) ရက်နေ့တွင် ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ အောင်ဘာကျေးရွာ၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်ရာ ဒေသခံပြည်သူ (၁၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စုနေ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ရွာအရှေ့တောင်ပိုင်း၊ ရေကျံကုန်း(တဲတိုက်)နှင့် ဗိုလ်တဲ (တဲတိုက်) တို့ရှိ အိမ်ခြေ (၅၀၀)၊ အိမ်ထောင်စု (၅၂၀) စုမှ လူဦးရေ (၂၅၀၀) ဦးတို့အတွက် သောက်သုံးရေ ဂါလံ (၁၃၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









