Category Archives: News
-
ပုလဲမြို့နယ်၊ အေးချမ်းသာကျေးရွာရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၁၇) ရက်နေ့၌ ပုလဲမြို့နယ်၊ အေးချမ်းသာကျေးရွာ ဖြစ်ပွားသော လေဘေးမှ ပြိုကျအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ အမိုးလန်အိမ် (၁၆) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၆) အိမ်ထောင်စာ၊ ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၅၃၀၀၀၀/-) တို့အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူလွှတ်တော် ကိုယ်စားလှယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်အတူ (၂၆-၅-၂၀၁၇) ရက်နေ့တွင် … Read more
-
ရပ်ရွာအခြေပြုဘေးအန္တရာယ်လျော့ချရေးသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၅-၂၀၁၇) ရက်နေ့၌ The Luthern World Federation (LWF) ဖျာပုံအဖွဲ့နှင့်ပူးပေါင်း၍ ဘိုကလေးမြို့နယ်၊ ကံစုအနောက်ကျေးရွာအုပ်စု ကံစုအနောက်ကျေးရွာတွင် ဒေသခံပြည်သူ (၅၀) ဦးအား ရပ်ရွာအခြေပြု ဘေးအန္တရယ်လျော့ပါးရေးသင်တန်းအား ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၌ အသိပညာပေးဟောပြောပွဲပြုလုပ် မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၅-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာမှ ပြည်သူ လူထု (၂၀၀) ခန့်အား သဘာဝဘေးနှင့်ပတ်သက်သည့်အသိပညာများ ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
၂၀၁၇ခုနှစ်၊ မတ်လ(၆)ရက်နေ့မှစ၍ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် ပျက်စီးဆုံးရှုံးမှုနှင့်ထောက်ပံ့မှု အခြေအနေဇယားအချုပ်အား (၂၆-၅-၂၀၁၇)
၂၀၁၇ခုနှစ်၊ မတ်လ(၆)ရက်နေ့မှစ၍ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် ပျက်စီးဆုံးရှုံးမှုနှင့်ထောက်ပံ့မှု အခြေအနေဇယားအချုပ်အား (၂၆-၅-၂၀၁၇) ရက်နေ့ထိ အောက်ပါအတိုင်းဖော်ပြထားပါသည်- 26-5-2017 (Relief)
-
လေပြင်းဘေးကြောင့် ပျက်စီးဆုံးရှုံးမှု၊ ထောက်ပံ့မှုအခြေအနေများနှင့် မိုးကြိုးဘေးကြောင့် သေဆုံး/ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့မှုစာရင်း
လေပြင်းဘေးကြောင့် ပျက်စီးဆုံးရှုံးမှု၊ ထောက်ပံ့မှုအခြေအနေများနှင့် မိုးကြိုးဘေးကြောင့် သေဆုံး/ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့မှုစာရင်းကို အောက်ပါအတိုင်းဖော်ပြထားပါသည်- Thundar Lighting (26-5-2017)
-
ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ လေပြင်းဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၇) ရက်နေ့တွင် (၁၄:၀၀) နာရီမှ (၁၄:၃၀) နာရီအထိ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နောင်အန်ကျေးရွာအုပ်စု ဆင်ပိုင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေ အိမ်ခြေ (၂၄) အိမ်ထောင်စု (၂၄) စုမှ သွပ်အချပ် (၄၈၀) ချပ် အမိုးလန်ခဲ့ရာ ကျား (၇၇) ဦး မ (၇၂) ဦး စုစုပေါင်းလူဦးရေ (၁၄၉) ဦး ဘေးဒုက္ခ ခံစားခဲ့ရပြီး အဆိုပါလေဘေးတွင် ပျက်စီးသွားသော အိမ် (၂၄) လုံးအတွက် … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်နှင့် နမ့်လန်ကျေးရွာအုပ်စု၊ ပန်ဆင်ရပ်ကွက်၌ (၂၄-၅-၂၀၁၇) ရက်နေ့တွင် လောင်ကျွမ်းခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀,၀၀၀) ကျပ်အား ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ အမှတ် (၁) ရပ်ကွက် ဗောဓိတာလမ်းနေ ဦးထွန်းလှ(ခ)ဦးနားလိပ်၊ (ဘ)ဦးဖိုးဆိတ် အသက် (၃၈) နှစ်သည် မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့ပါသဖြင့် သေဆုံးသူ၏ ကျန်ရစ်သူမိသားစုဝင်များထံသို့ ထောက်ပံ့ငွေ ကျပ် (၃) သိန်းတိတိအား ၂၆-၅-၂၀၁၇ ရက်နေ့၌ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
စလင်းမြို့နယ်၊ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိ သူများသည် (၂၄-၅-၂၀၁၇) ရက်နေ့ကဖြစ်ပွားခဲ့သော စလင်းမြို့နယ် ကမ်းပြိုဘေးကြိုတင်ရွှေ့ပြောင်း အိမ်ထောင်စု (၂၀) အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၈၇) ဦးအတွက် ဆန် (၇) ရက်စာ (၁၈၂၇၀၀/-) ကျပ်တို့အား (၂၆-၅-၂၀၁၇) ရက်နေ့၌ မြိ်ု့နယ်ထွေ/အုပ်မှ တဆင့် ထောက်ပ့ံပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မုတ်သုံအကြိုကာလ မုန်တိုင်းအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ACF အဖွဲ့နှင့်ပူးပေါင်း၍ မင်းပြားမြို့၊ မြို့မဈေးနှင့် ကားကြီးဝန်းအတွင်းရှိ ပြည်သူများထံသို့ မုတ်သုန်အကြိုကာလ မုန်တိုင်းအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင် (၁,၀၀၀) အား (၂၆-၅-၂၀၁၇) ရက်နေ့တွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)









