Category Archives: News
-
မိုရာမုန်တိုင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦး စီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုရာမုန်တိုင်းတိုက်ခတ်မှုကြောင့် မင်းပြားမြို့နယ်အတွင်းရှိ လုံးဝပျက်စီးအိမ်ထာင်စု (၅၂) အိမ်ထောင်စုစာ အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးအား မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် (၃၁-၅-၂၀၁၇) ရက်နေ့၌ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၅-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း မ၌ ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ စုစုပေါင်း (၁၃၀) ဦးအား ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ထောက်ပံ့မှုနှုန်းထားများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်ရှိ ကျေးရွာ (၃) ခု၌ (၂၉-၅-၂၀၁၇) ရက်တွင် လေပြင်းတိုက်ခတ်ခဲ့ရာ ပြိုကျပျက်စီးလူနေအိမ် (၁၀) လုံး၊ အမိုးလန် ပျက်စီးလူနေအိမ် (၁၀) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၂၀၀၀၀/-) ကျပ်၊ လူ (၅၁) ဦးအတွက် ဆန် (၇) ရက်စာ (၁၀၇၁၀၀/-) ကျပ် စုစုပေါင်း (၈၂၇၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၂) အိမ်ထောင်စုနှင့် ပစ္စည်း … Read more
-
မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ မောင်ငယ်ကျေးရွာ အုပ်စု၊ ဥက္ကံကျေးရွာတွင် (၂၁-၅-၂၀၁၇) ရက်နေ့က မိုးကြိုးထိမှန်သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်အား လပွတ္တာမြို့၊ ရွေးနဒီခန်းမ၌ ကျင်းပသော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများ ပညာသင်ထောက်ပံ့ကြေးပေး အပ်ပွဲ အခမ်းအနား၌ သေဆုံးသူ၏ မိသားစုထံ (၃၁-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ် (၁၈) ရပ်ကွက်၌ (၂၉-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁၁) လုံး၊ အိမ်ထောင်စု (၁၁) စုမှ လူဦးရေ (၄၉) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၀၂,၉၀၀) ကျပ်၊ စုစုပေါင်း (၇၀၂,၉၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၁) အိမ်ထောင်စာတို့အား (၃၀-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၇) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း၌ ဦးစီးဌာနအကြောင်း မိတ်ဆက်ပြောကြားခြင်း၊ လေပြင်းဘေးသတိပေးချက်နှင့် မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ဘေး (၈) မျိုးအကြောင်းများ ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်သူများမှာ (၁၀၀) ဦးရှိကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဆိုင်ကလုန်းမုန်တိုင်းသတင်း (၂၀၁၇ ခုနှစ်၊ မေလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၀၀) နာရီအချိန် ထုတ်ပြန်ချက်)
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၃)၊၂၀၁၇ ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ယနေ့နေ့လည်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုရာ”(Mora)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပြီး ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါ သည်။ (ခ) ယခုသတင်းသည် ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” (Mora) အတွက်ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် မြေစိုက်ပိုစတာဗီနိုင်းများ စိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုင်းတုံမြို့၊ မြို့သစ်ရပ်ကွက်ရှှိ အာခါစျေးနှင့် မိုင်းစင်းကျေးရွာအုပ်စု၊ ယမ်းလူးစျေးများတွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် မြေစိုက်ပိုစတာဗီနိုင်းများကို (၂၉-၅-၂၀၁၇) ရက်နေ့တွင် စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တန်းမြို့နယ်၊ ဇွဲဘာကုန်းကျေးရွာအုပ်စု၌ (၂၈-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ခြေ (၁) လုံး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)၊ ဆန်ရိက္ခာဖိုး (၄၂၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စုတို့အား (၃၀-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ပင်လယ်လှိုင်းရိုက်ခတ်မှုကြောင့် ဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ် ၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု ကမ်းနားပိုင်း၌ (၂၉-၅-၂၀၁၇) ရက်နေ့တွင် ပင်လယ်လှိုင်းရိုက်ခတ်၍ နေအိမ်များထပ်မံပြိုကျမှုကြောင့် အိမ်ခြေ (၃) လုံး ပြိုကျပျက်စီးခြင်းနှင့် အိမ်ခြေ (၄) လုံးယိုင်နဲ့ ခြင်းတို့အတွက် အိမ်ဆောက်ပစ္စည်းနှင့်ဆန်ဘိုးငွေ (၅၈၉၃၀၀) ကျပ် ၊ ပြိုကျအိမ်အတွက် (၁၅) မျိုးပါ ကယ်ဆယ်ရေးပစ္စည်း (၃) ပုံး၊ ယိုင်နဲ့အိမ်အတွက် (၇) မျိုးပါကယ်ဆယ်ရေးပစ္စည်း (၄) ပုံးတို့အား (၂၉-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး … Read more









