လေဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်ရှိ ကျေးရွာ (၃) ခု၌ (၂၉-၅-၂၀၁၇) ရက်တွင် လေပြင်းတိုက်ခတ်ခဲ့ရာ ပြိုကျပျက်စီးလူနေအိမ် (၁၀) လုံး၊ အမိုးလန် ပျက်စီးလူနေအိမ် (၁၀) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၂၀၀၀၀/-) ကျပ်၊ လူ (၅၁) ဦးအတွက် ဆန် (၇) ရက်စာ (၁၀၇၁၀၀/-) ကျပ် စုစုပေါင်း (၈၂၇၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၂) အိမ်ထောင်စုနှင့် ပစ္စည်း (၉) မျိုးပါ (၈) အိမ်ထောင်စုတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တို့နှင့်အတူ (၃၁-၅-၂၀၁၇) ရက်တွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:    မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events