Category Archives: News
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၆-၂၀၁၇)ရက်နေ့တွင် မုဒုံမြို့နယ်၊ တော်ကူးတံခွန်တိုင်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/သား စုစုပေါင်း ( ၅၀ ) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ကသာခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၆-၂၀၁၇)ရက်နေ့မှ (၄-၆-၂၀၁၇)ရက်နေ့အထိ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကသာခရိုင်၊ မိုးတားလေးကျေးရွာအုပ်စု၊ မိုးတားလေးကျေးရွာတွင် ကမ်းပါးပြိုကျမှုကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ခြေ (၉)လုံး၊ အိမ်ထောင်စု (၉)စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၅)မျိုးအား (၄-၆-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
“ မိုရာ ” မုန်တိုင်း ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာ၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၅-၂၀၁၇)ရက်နေ့တွင် “ မိုရာ ” မုန်တိုင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ (၂)ရွာမှ လုံးဝပျက်စီးသွားသော အိမ်ခြေ (၈) လုံး၊ အိမ်ထောင်စု (၈) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးစီအား (၄-၆-၂၀၁၇)ရက်နေ့တွင် ပြသူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးစီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၇)ရက်နေ့ကဖြစ်ပွားခဲ့သော “မိုရာ” မုန်တိုင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်အတွင်းရှိကျေးရွာ (၂)ရွာမှ လုံးဝပျက်စီး သွားသောအိမ်ခြေ (၅)လုံး၊ အိမ်ထောင်စု (၅)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁ဝ) မျိုးအား (၃-၆-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်၏ ဒုတိယအကြိမ်ညီလာခံသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြားမှုသတင်း
၄-၆-၂၀၁၇၊ ပြင်ဦးလွင် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိပြီး ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်စောင့်ရှောက်နိုင်မည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မိတ်ဖက်အဖွဲ့အစည်တစ်ခုဖြစ်သော မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်၏ ပြည်နယ်နှင့် တိုင်းအဆင့်ဆင့်ရှိ လုပ်ငန်းကော်မတီဝင်များ ညီလာခံကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် (၄-၆-၂၀၁၇) ရက်နေ့တွင် ကျင်းပပါသည်။ အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားရာတွင် အစိုးရသစ်အနေဖြင့် ပြည်သူ့အတွက် အမှန်တကယ်အကျိုးရှိစေမည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒအသစ်များ ချမှတ်ကာ … Read more
-
ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၁၇)ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ တွာပေါ (၂၂)မိုင်ကျေးရွာအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပို့ချခြင်းနှင့် နံရံကပ်ပိုစတာဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ရာ ရပ်ရွာနေပြည်သူများ (၁၂၀)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၁၇) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့၊ ဝမ်ဟွေရပ်ကွက်အတွင်းရှိ ပြည်သူ (၉၀) ဦးခန့်နှင့် နံနက် (၁၀:၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့၊ ဟိုနားရပ်ကွက်အတွင်းရှိ ပြည်သူ (၁၀၀) ဦးခန့်တို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် နံရံကပ်ပိုစတာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဘော်ကျေးရွာ၌ လေပြင်းဘေးကြိုတင်ဆင်ရေးသတိပေးချက် ဆိုင်းဘုတ်စိုက်ထူခြင်း၊ ကျေးရွာနေပြည်သူများအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ သဘာဝဘေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး (၁၆-၆-၂၀၁၆) ရက်နေ့တွင် အလင်းဝင်ရောက်ခဲ့သော မိသားစု (၂၀) စုအား လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်၊ ထန်တလန်မြို့ နယ် ရပ်ကွက်/ ကျေးရွာများတွင် လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ဘာသာရေးအဆောက်အဦ (၄)လုံးနှင့် အိမ်ခြေ(၃၇)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၄၅၀,၀၀၀)ကျပ်အား (၃၁-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်တွင် (၁၆-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန် အိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀) ကျပ်နှင့် ဒဏ်ရာရ လူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်တို့အား (၃-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)









