Category Archives: News
-
သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် သောက်သုံးရေရရှိရေး အဝီစိတွင်းတူးဖော်ရန် ထောက်ပံ့ငွေ ပေးအပ်မှုသတင်း
သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကျင်း(ရွာသစ်)ကျေးရွာတွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်မှု အတွက် အဝီစိရေတွင်းတူးဖော်ရန် ထောက်ပံ့ငွေ (၈၈၈၉၀၀)ကျပ်အား ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ (၈-၆-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သိန္နီမြို့နယ်၊ ပိန်းဆာကျေးရွာနှင့် ကွန်ကောက်ကျေးရွာတို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၆-၂၀၁၇) ရက်နေ့၊ (၀၈း၃၀~၁ဝး၃၀) အချိန်တွင် သိန္နီမြို့နယ်၊ ပိန်းဆာကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သုူ (၇၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ အလားတူ (၈-၆-၂၀၁၇) ရက်နေ့၊ (၁၂း၃၀~၁၄း၃၀) နာရီအချိန်တွင် သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ (၇၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲပြုလုပ်ခဲ့သည့် ကျေးရွာ (၂) ရွာအတွက် လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ယာယီမိုးကာတဲများ ပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ ညောင်မောင်းကျေးရွာအုပ်စု၊ ညောင်မောင်း အ.မ.က ကျောင်းနှင့် စာတီတောင် မူလွန်ကျောင်းအတွက် ယာယီမိုးကာတဲ (၅) လုံးအား (၉-၆-၂၀၁၇) ရက်နေ့တွင် သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ နောင်ပိန်စျေးကုန်းကျေးရွာ၌ (၇-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၆) လုံး၊ အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၆) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၃၀,၀၀၀) ကျပ်တို့အား (၈-၆-၂၀၁၇) ရက်နေ့တွင် ထွေ/အုပ်မှ တာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့််တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲအောင်မြင်စွာကျင်းပပြီးစီးမှုသတင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့််တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲအောင်မြင်စွာကျင်းပပြီးစီးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့ကြက်ခြေနီအသင်း၊ မိတ်ဖက် INGOs,NGOs အဖွဲ့တို့နှင့် ပူပေါင်းပြီး မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့်ရပ်ကျေးကော်မတီများ CSO များပါဝင်တက်ရောက်သည့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့််တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲအား (၇-၆-၂၀၁၇) ရက်နေ့မှ (၈-၆-၂၀၁၇) ရက်များတွင် ဘိုကလေးမြို့ မဟာအောင်တော်မူဘုရားဝင်း အတွင်းရှိ ချိုကြည်တန်ဆောင်းတွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် ဘေးမဖြစ်မီ၊ ဘေးဖြစ်ဆဲနှင့် ဘေးဖြစ်ပြီး အခြေအနေများတွင် ဟန်ချက်ညီစွာ ဆောင်ရွက်တတ်စေရန် အလေးထားဆွေးနွေးခဲ့ပြီး ရပ်ကျေးစီမံခန့်ခွဲမှုကော်မတီပိုမိုအားကောင်းလာစေရန်နှင့် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက်နိုင်စေရေး တွန်းအားပေးဆောင်ရွက်စေခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၆-၂၀၁၇)ရက်နေ့တွင် ထားဝယ်မြို့၊ သူနာပြုသင်တန်းကျောင်းတွင် သင်တန်းသား (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောခဲ့ပြီး ပိုစတာများ၊ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ရေကန်တူးဖော်ရန်အတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံဒိုင်းတိုက်နယ် မီးကျောင်းတက် ကျေးရွာရေကန်တူးဖော်ရန်အတွက် ကျပ် (၈၅) သိန်းကို (၈-၆-၂၀၁၇) ရက်နေ့တွင် ရမ်းဗြဲမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မိုးကြိုးထိမှန်သေဆုံးသူနှင့် လေဘေးသင့်အိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်နေစဉ်
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ သံတဲကျေးရွာအုပ်စု၊ သံတဲကျေးရွာ၌ (၅-၆-၂၀၁၇) ရက်နေ့တွင် မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်နှင့် (၆-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ်(၃) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်တို့အား (၇-၆-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၇-၆-၂၀၁၇) ရက်နေ့ (၁၅:၀၅) နာရီအချိန်၌ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဇောင်ချမ်း တောင်ကျေးရွာအုပ်စု၊ စွယ်ကျိုးကျေးရွာတွင် ဦးခင်အောင်၏ ဇနီးဖြစ်သူ ဒေါ်အေးမူ အသက် (၄၄) နှစ်၊ အဘ ဦးကိုးကြိုင်သည် မိမိနေအိမ် ရှေ့ကျောက်စည်၌ ရေချိုးနေစဉ် မိုးကြိုးထိမှန်၍ သေဆုံးသွားခဲ့ပါသည်။ အဆိုပါ မိုးကြိုးထိမှန်၍ သေဆုံးသူ ဒေါ်အေးမူ၏ မိသားစုထံသို့ သေဆုံးထောက်ပံ့ငွေ (၃) သိန်းကျပ်အား (၈-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်နေစဉ်
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာ၌ (၂၆-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ (၁) အိမ်ထောင်စာ၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ်နှင့် အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂) အိမ်ထောင်စာ၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀)ကျပ်နှင့် လူဦးရေ (၂၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၂,၀၀၀) ကျပ်တို့အား (၇-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more









