မိုးကြိုးထိမှန်သေဆုံးသူနှင့် လေဘေးသင့်အိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်နေစဉ်

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ သံတဲကျေးရွာအုပ်စု၊ သံတဲကျေးရွာ၌ (၅-၆-၂၀၁၇) ရက်နေ့တွင် မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်နှင့် (၆-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ်(၃) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်တို့အား (၇-၆-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:            ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events