Category Archives: News
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ သရက်မြို့နယ်၊ ထုံးတောင်ကျေးရွာအုပ်စု၊ ဘိလပ်မြေစက်ဝန်းနယ်မြေအတွင်း သစ်ပင်ပိမိ၍ ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ (၁) လုံး အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂၁,၀၀၀) ကျပ်တို့အား (၁၄-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာအုပ်စု၊ ကြာဖြူကျေးရွာ၌ (၁၃-၆-၂၀၁၇) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နေအိမ် (၅) ပြိုကျပျက်စီးခဲ့ပြီး နေအိမ် (၇) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပါသည်။ အဆိုပါ ပြိုကျနေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ (၅) ပုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၇) မျိုးပါ (၇) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၀၅,၀၀၀) ကျပ်နှင့် လူဦးရေ (၆၃) … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၇) ရက်နေ့၊ (၀၉းဝ၀) နာရီအချိန်တွင် စစ်တွေမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက် ရေးလူငယ်သင်တန်းကျောင်းခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (မွမ်းမံ) သင်တန်းအား ဖွင့်လှစ်ခဲ့ပြီး ပြည်နယ် နယ်လုံဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူး (ကဆရ) မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်အဆင့် ဌာန ဆိုင်ရာမှ (၁၅) ဦးနှင့် သင်တန်းသား/သင်တန်းသူ (၅၄) ဦး၊ စုစုပေါင်း (၆၉) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁၅-၆-၂၀၁၇) ရက်နေ့မှ (၁၇-၆-၂၀၁၇) ရက်နေ့ထိ … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဦးစီးမှူးရုံံးမှ တာဝန်ရှိ သူများ သည် (၁၄-၆-၂၀၁၇) ရက်နေ့တွင် ထားဝယ်မြို့နယ်၊ အ.ထ.က(၄) ကျောင်းတွင်သဘာဝဘေး အန္တ ရာယ် နှင့် ပတ်သက်သည့်အကြောင်းအရာများ အားဆွေးနွေးဟောပြောခြင်း ရှောင်ရန်/ဆောင်ရန်များ ဟော ပြောခဲ့ပြီး တက်ရောက်သူကျောင်းသား/ သူဦးရေ (၃၀၀) ဦးတက် ရောက်ခဲဲ့့ကြောင်းသတင်းရရှိ ပါသည်။Source: တနင်္သာရီတိုင်းဦးစီးမှူးရုံံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်လှစ်မူသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် Plan International အဖွဲ့အစည်းတို့ ပူးပေါင်း၍ (၁၄.၆.၂၀၁၇)ရက်နေ့မှ (၁၆.၆.၂၀၁၇)ရက်နေ့ ထိ မြစ်ကြီးနားမြို့ရှိ ဂါလိလဲ IDPs စခန်းတွင် ဖွင့်လှစ််ရာ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များမှသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေများနှင့် သဘာဝဘေး(၈)မျိုးနှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း
၁။ ယခုအချိန်ကာလသည် မိုးရွာသွန်းမှုများပြားသည့် အချိန်ကာလဖြစ်ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများမှရရှိသည့် မြေပြင်သတင်းများ၊ Social Media များမှ သတင်းအချက်အလက်များအရလည်း တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ စတင် ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။ ၂။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အရေးပေါ်အခြေအနေစီမံခန့် ခွဲမှုဗဟိုဌာန (EOC) မှလည်း နိုင်ငံတကာ Website များတွင် စောင့်ကြည့်လေ့လာ၍ မိုးရွာသွန်းနိုင်သည့် အခြေအနေများ၊ မြစ်ရေအခြေအနေများကို ပြည်သူများသိရှိစေရေး အသိပေးလျက်ရှိပါသည်။ ၃။ ရေကြီးရေလျှံမှုများဖြစ်ပေါ်လေ့ရှိသည့်အချိန်ကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ပုံမှန်ရေကြီး ရေလျှံခြင်းမျိုးသာမက မိုးသည်းထန်စွာရွာသွန်းရာမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သည့် … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများ သည် (၁၄-၆-၂၀၁၇) ရက်နေ့တွင် ပုလောမြို့နယ် တိုကျေးရွာ အထက ကျောင်းတွင်သဘာဝဘေး အန္တ ရာယ် နှင့် ပတ်သက်သည့်အကြောင်းအရာများ အားဆွေးနွေးဟောပြောခြင်း ရှောင်ရန်/ဆောင်ရန်များဟော ပြောခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ပြည်သူ သို့ပန် ကြားချက် စာစောင် များလည်း ဝေငှှ ခဲ့ကြောင်း တက် ရောက်သူကျောင်းသား/ သူဦးရေ (၁၉၉) ဦးတက် ရောက်ခဲ့ပြီးလက်ကမ်း စာစောင်များနံရံ ကပ်ပိုစတာများ ကျောင်း သုံးဗလာစာအုပ်နဲ့ ဘောလ်ပင်များအား ဝေငှပေးခဲ့ကြောင်းသတင်းရရှိပါသည်။Source:မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မယ်ဇလီပင်ကုန်း ကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေဌ ခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့် စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး/လက်ကမ်း … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၁၇) ရက်နေ့၌ ကော့ကရိတ်မြို့နယ်အမှတ် (၁) ရပ်ကွက်ဓမ္မာရုံတွင် လူဦးရေ (၁၅၀) ဦးအား မီးသတ်ဦးစီးဌာနပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဇေယျာသီရိမြို့နယ်၊ပုပ်ပါးကုန်းရပ်ကွက်ရွှေ့ပြောင်းအိမ်(၅၁)အိမ်အတွက် သွပ်နှင့်သွပ်ရိုက်သံထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး မှ တာဝန်ရှိ သူများ သည််( ၅.၅.၂၀၁၇) ရက်နေ့ ဇေယျာသီရိမြို့နယ်၊ပုပ်ပါးကုန်း ရပ်ကွက်ရွှ ေ့ပြောင်း အိမ်ထောင် စု(၅၁) အိမ်အတွက်သွပ်ချပ်ရေ(၃၄၀၂)ချပ်နှင့်သွပ်ရိုက်သံ (၁၅၈)ပိသာ နီးပါး အိမ်ရိုက်သံမျိုးစုံ (၂၄၀) နီးပါးကို (၁၄.၆.၂၀၁၇) ရက်နေ့တွင်ကွင်းဆင်း ထောက်ပ့ံပေးအပ် ခဲ့ကြောင်းသတင်းရရှိပါသည်Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)









