Category Archives: News
-
သဘာဝဘေးအန္တရာယ်အမျို းမျိုးနှင့် ကြိုတင်ကာကွယ်ရေးဆင့်ပွားမွမ်းမံသင်တန်း ကျင်းပပြုလုပ်မှုသတင်း
ဒိုးနွယ်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးသုနန္ဒ၏ ဦးဆောင်မှုဖြင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ကြိုတင်ကာကွယ်ရေးဆင့်ပွားမွမ်းမံသင်တန်းကို ကလေးမြို့နယ်၊ အရှေ့စည်းအုပ်စု၊ ဒိုးနွယ်ကျေးရွာတွင ်ဒုတိယအကြိမ်အဖြစ် ဇွန် (၁၄) ရက်မှ (၁၇) ရက်နေ့အထိ ၄ ရက်ကြာ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ မင်းလှ၊ ဒိုးနွယ်၊ တင်သား၊ကြံသာ၊ ကျောက်ဖူး၊ အရှေ့စည်း၊ ရှားဖိုကျေးရွာများမှ သင်တန်းသား (၃၅) ဦး၊ သင်တန်းသူ (၃၀) ဦး စုစုပေါင်းသင်တန်းသား (၆၅) ဦး တို့က စိတ်အားထက်သန်စွာတက်ရောက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
-
ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပမှုသတင်း
ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ရာ ပြည်နယ်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက ဆွေးနွေးပို့ချခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်အတွင်း သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းသတင်း
(၁၆-၆-၂၀၁၇)ရက်နေ့၊ (၁၃းဝ၀) နာရီမှ (၁၄း၃၀) နာရီထိ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ နားမခေါ်ကျေးရွာအုပ်စ၊ု နားမခေါ်ဘုန်းကြီးကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ရာ ပြည်သူလူထု (၃၅၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ လေဘေးသင့်ပြည်သူများသို့ ထောက်ပံ့ပေးမှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိကန်သာရပ်ကွက်နှင့် ရေပြာကျေးရွာတို့တွင် (၃၀.၅.၂၀၁၇) နေ့ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုလဲအိမ်ခြေ (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၂) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး၊ လူ (၇) ဦးအတွက် (၇) ရက်စာဆန်ဖိုး၊ အမိုးလန်ပျက်စီး အိမ်် (၇) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ထိခိုက်ဒဏ်ရာရဆေးရုံတက်ရသူ (၃) ဦးအတွက် ထောက်ပ့ံကြေး၊ ရင်းတိုက်မှော်ကျေးရွာ၌ အမိုးလန်ပျက်စီးအိမ် (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး၊ စုစုပေါင်း(၁၁၂၄၇၀၀ိ/) … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၆-၂၀၁၇) ရက်နေ့ (၁၃း၀၀) နာရီတွင် သရက်ခရိုင်၊ သရက်မြို့နယ်၊ အင်းမငယ်ကျေးရွာတွင် သဘာဝဘေးလျော့ပါးရေ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများ အားဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲွသို့ လူဦးရေ (၈၅) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၆-၂၀၁၇) ရက်နေ့တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာ မုန်တိုင်းဒဏ်ခံအဆောက်အဦ၌ ကျေးရွာနေပြည်သူများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၁၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများဝေငှပေးခြင်းနှင့် ဦးစီးဌာနမှထုတ်ဝေသည့် သဘာဝဘေးအသိပညာပေး ဗီနိုင်းများအား လူစည်ကားသောနေရာများ၌ ချိတ်ဆွဲရန် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၇) ရက်နေ့ (၁၃း၀၀) နာရီ၌ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ကသစ်ကန်ကျေးရွာတွင် သစ်ပင်ပိ၍ ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ (၁) လုံး အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ ဆန်ဖိုးငွေ (၈၄၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၁၀၈၄၀၀/-) ကျပ်တို့ အား (၁၆-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၇) ရက်နေ့၌ ကျိုင်းတုံမြို့ နယ် ၊မိုင်းလန်းကျေးရွာအုပ်စု၊ ဝမ်ဝိုင်းကျေးရွာတွင် မီးဘေးဖြစ်ပွားခဲ့ရာ ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ ဆန် ရိက္ခာ (၄၂၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-) ကျပ်နှင့် မီးလောင်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော အမျိုးသမီး တစ်ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀ဝဝ/-) ကျပ်၊ စုစုပေါင်း (၅၀၄၂၀၀/-) ကျပ်တို့အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၆-၂၀၁၇) ရက်နေ့ နံနက်(၀၈:၂၀)နာရီအချိန်တွင် မြဝတီမြို့ အမှတ် (၅) ရပ်ကွက် သောင်းရင်းမြစ်ကမ်းတွင် မီးသတ်တပ်ဖွဲ့ ၊ ကြက်ခြေနီတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ အမှတ်(၅) ရပ်ကွက်ဒေသခံပြည်သူများနှင့်အတူ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခဲ့သည်။ အဆိုပါဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားသို့ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ပူးပေါင်းပါဝင်ခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ကမ္ဘာ့ဘဏ်အဖွဲ့မှ Senior Health Specialist ဖြစ်သူ ဒေါ်နှင်းနှင်းပိုင် ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံမှုသတင်း
၁၆-၆-၂၀၁၇၊ နေပြည်တော် (၂၀၁၇) ခုနှစ် ဇွန်လ (၁၆) ရက်နေ့ နံနက် (၉း၃၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မေခလာခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကမ္ဘာ့ဘဏ်အဖွဲ့မှ Senior Health Specialist ဖြစ်သူ ဒေါ်နှင်းနှင်းပိုင်အဖွဲ့က လာရောက်တွေ့ဆုံရာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာ နိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသား အဆင့် မဟာဗျူဟာစီမံချက်ကို အတည်ပြုထုတ်ပြန်ခဲ့ကြောင်း၊ ယင်းစီမံချက်တွင် အဓိက လုပ်ငန်းစီမံချက် (၈) ခုပါဝင်ပြီး ၎င်းအနက် … Read more









