Category Archives: News
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၇) ရက်နေ့ ကျောက်ဖြူခရိုင်၊ ဂုံးချွန်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဆွေးနွေးပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီးပြန်လည်ထူထောင်ရေးကိစ္စများအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဆောင်ရန်၊ ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်းစာစောင်များ ဝေငှပေးခြင်းများဆောင်ရွက်ခဲ့ပြီး ဟောပြောပွဲသို့ (၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၌ “သဘာဝဘေးအန္တရာယ်အသိ ပညာပေးဟောပြောပွဲ”ကို ပြုလုပ်ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သဘာဝဘေးအသိ ပညာပေး ဆွေးနွေးဟောပြောပွဲအား (၂၆-၆-၂၀၁၇) ရက်နေ့တွင် လားရှိုးမြို့နယ် နောင်မွန်ကျေးရွာရှိအထကကျောင်းတွင် သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောခြင်း ရှောင်ရန်/ဆောင်ရန်များဟောပြောခဲ့ပြီး တက်ရောက်သူဆရာ/ဆရာမနှင့်ကျောင်းသား/ကျောင်းသူ(၈၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရ ရှိပါသည်။Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၁၇) ရက်တွင် လားရှိုးမြို့နယ် နားကွမ်းလုံကျေးရွာအုပ်စု တောင့်တလောင်ကျေးရွာ၊ တောင့်တလောင်ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသော နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာအုပ်စု ပန်နွဲကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူမိသားစု (၆) စု ကျား (၈) ဦး မ (၆) ဦး စုစုပေါင်း (၁၄) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ တန်ဖိုးငွေ (၂၉၄၀၀/-) ကျပ်နှင့် ပလပ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၂၆-၆-၂၀၁၇) ရက်ေနေ့ (၁၂း၃၀) ၌ ထောက်ပံ့ပေးခဲ့ … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၅-၆-၂၀၁၇) ရက်နေ့တွင် မင်းပြားမြို့နယ် ပြားချောင်းကျေးရွာအုပ်စု ပြားချောင်း ကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းခွဲတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသူ/သားများနှင့် ကျေးရွာသူ/သားများ စုစုပေါင်း (၂၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာ သူများအား သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းဟောပြောခြင်း၊ ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များနှင့် အချိုရည်ဗူးများဖြန့်ဝေခြင်းနှင့် ဘေး (၈) မျိုး နံရံကပ်ပိုစတာ (၅) စုံကို ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခြင်းများကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
မိုရာမုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာအုပ်စုများအနက် အုပ်စု (၉) စုမှ လုံးဝပြိုလဲအိမ် (၄၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၆၅၀,၀၀၀) ကျပ်နှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ် (၃၉၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇,၈၀၀,၀၀၀) ကျပ်၊ စုစုပေါင်း (၁၁,၄၅၀,၀၀၀) ကျပ်တို့အား (၂၅-၆-၂၀၁၇) ရက်နေ့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၇) ရက်နေ့တွင် မြိတ်မြို့နယ် အထက (ခွဲ) တောရကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ရှောင်ရန်/ဆောင်ရန် များဟောပြောခဲ့ပြီး လက်ကမ်းစာစောင်၊ နံရံကပ်ပိုစတာများ၊ ကျောင်းသုံး ဗလာစာအုပ်နှင့် မုန်တိုင်းအသိပညာပေးဗွီနိုင်းအား ဖြန့်ဝေပေးခဲ့ပါသည်။ ထိုဟောပြောပွဲသို့ တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူဦးရေနှင့် ဆရာ၊ ဆရာမ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဆိုက်ခေါင်စံပြကျေးရွာ အထက၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၇-၆-၂၀၁၇) ရက်နေ့၊ ညနေပိုင်းတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိုက်ခေါင်စံပြကျေးရွာ အထက၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၄၇၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်(မွမ်းမံ)သင်တန်း ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (မွမ်းမံ) သင်တန်းအားဖွင့်လှစ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးနှင့် မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါသင်တန်းသို့ မင်းဘူးမြို့နယ်နှင့် မကွေးမြို့နယ်တို့မှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး (၃၀) ဦး၊ ကြက်ခြေနီတပ်ဖွဲ့မှ (၄) ဦးနှင့် မီးသတ်တပ်ဖွဲ့မှ (၆) ဦး စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၂၇-၆-၂၀၁၇) ရက်နေ့မှ (၃၀-၆-၂၀၁၄) ရက်နေ့အထိ သင်တန်းကာလ (၄) ရက်တာဖြင့် … Read more
-
ဆီဆိုင််မြို့ အထက(၁) ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၇-၆-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆီဆိုင််မြို့ အထက(၁) ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၄၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)









