ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၅-၆-၂၀၁၇) ရက်နေ့တွင် မင်းပြားမြို့နယ် ပြားချောင်းကျေးရွာအုပ်စု ပြားချောင်း ကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းခွဲတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသူ/သားများနှင့် ကျေးရွာသူ/သားများ စုစုပေါင်း (၂၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာ သူများအား သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းဟောပြောခြင်း၊ ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များနှင့် အချိုရည်ဗူးများဖြန့်ဝေခြင်းနှင့် ဘေး (၈) မျိုး နံရံကပ်ပိုစတာ (၅) စုံကို ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခြင်းများကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)