သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်(မွမ်းမံ)သင်တန်း ဖွင့်လှစ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၇-၆-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (မွမ်းမံ) သင်တန်းအားဖွင့်လှစ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးနှင့် မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါသင်တန်းသို့ မင်းဘူးမြို့နယ်နှင့် မကွေးမြို့နယ်တို့မှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး (၃၀) ဦး၊ ကြက်ခြေနီတပ်ဖွဲ့မှ (၄) ဦးနှင့် မီးသတ်တပ်ဖွဲ့မှ (၆) ဦး စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၂၇-၆-၂၀၁၇) ရက်နေ့မှ (၃၀-၆-၂၀၁၄) ရက်နေ့အထိ သင်တန်းကာလ (၄) ရက်တာဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်

Source:           မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events