Category Archives: News
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ “ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ” အခမ်းအနားကျင်းပပြုလုပ်မှုသတင်း
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ (၃၀-၆-၂၀၁၇) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် (IOM) အဖွဲ့အစည်းတို့ပူးပေါင်း၍ “ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ” အခမ်းအနားကျင်းပပြုလုပ်ရာ ပြည်နယ်လူမှုရေးဝန်ကြီးမှ အဖွင့်မိန့်ခွန်းပြောကြားပြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန(ရုံးချုပ်) အရေးပေါ်စီမံခန့်ခွဲမှုဗဟိုဌာနမှ ဌာနကြီးမှူး ဦးဝင်းထိန်းကျော်မှ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ််သက်၍ ရှင်းလင်းပြောကြားခြင်း၊ IOM အဖွဲ့အစည်းမှ တာဝန်ရှိသူ Dedy Alfian မှ ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရခိုင်ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှု … Read more
-
ရေဖြူ အထက၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
(၃၀-၆-၂၀၁၇) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ရေဖြူ အထက၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ (၃၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။ ဟောပြောပွဲတက်ရောက်သူများထံ သဘာဝဘေးအသိပညာပေး ဗီနိုင်းပိုစတာများ၊ လက်ကမ်းစာစောင်များ၊ ဗလာစာအုပ်များနှင့် ဘောပင်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ရေဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အစည်းအဝေး၌ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောမှုသတင်း
(၃၀-၆-၂၀၁၇) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ရေဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အစည်းအဝေး၌ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ စုစုပေါင်း (၁၀၀) ဦးအား သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဟင်္သာတမြို့၊ ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်းရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဟင်္သာတမြို့၊ ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်းရွာ၌ (၂၄-၆-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁၈) စုမှ လူဦးရေ (၇၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၈၀၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၁၄၉၁၀၀) ကျပ်တို့ကို (၃၀-၆-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
အင်္ဂပူမြို့၊ နောက်မီးကျေးရွာအုပ်စု၊ ကမ်းနားတန်းကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
အင်္ဂပူမြို့၊ နောက်မီးကျေးရွာအုပ်စု၊ ကမ်းနားတန်းကျေးရွာ၌ (၂၈-၆-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၂) စုမှ လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂) သိန်းကျပ်နှင့် ဆန်ရိက္ခာဖိုး (၁၀၅၀၀) ကျပ်တို့ကို (၃၀-၆-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
နမ့်ဆန်မြို့နယ်၊ နမ့်လင်းခမ်းအုပ်စု၊ မန်လန်းရွာမှ လားရှိုးမြို့နယ်၊ ရပ်ကွက် (၉) အောင်မင်္ဂလာနမ့်ဆန်ကျောင်း၊ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်း၊ ခေးနင်းကျေးရွာဘုန်းကြီးကျောင်းနှင့် လွယ်လွမ့်ကျေးရွာဘုန်းကြီးကျောင်းများသို့ ရောက်ရှိလာသောတိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၂၈-၆-၂၀၁၇) ရက်နေ့တွင် နမ့်ဆန်မြို့နယ်၊ နမ့်လင်းခမ်းအုပ်စု၊ မန်လန်းရွာမှ လားရှိုးမြို့နယ်၊ ရပ်ကွက် (၉) အောင်မင်္ဂလာ နမ့်ဆန်ကျောင်း၊ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်း၊ ခေးနင်းကျေးရွာဘုန်းကြီးကျောင်းနှင့် လွယ်လွမ့်ကျေးရွာဘုန်းကြီးကျောင်းများသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၄၉) စုမှ ကျား (၆၁) ဦး၊ မ (၇၂) ဦး စုစုပေါင်း (၁၃၃) ဦးတို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၆-၂၀၁၇) ရက်နေ့၊ (၁၆းဝ၀) နာရီတွင် ဆန်ရိက္ခာ(၇)ရက်စာ တန်ဖိုးငွေ (၂၇၉၃၀၀) ကျပ်၊ … Read more
-
လားရှိုးမြို့ ပညာရေးကောလိပ်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး (၂၉-၆-၂၀၁၇) ရက်နေ့၊ (၁၄းဝ၀~၁၆းဝ၀) နာရီအချိန်တွင် လားရှိုးမြို့ ပညာရေးကောလိပ်မှ ဆရာ/ဆရာမနှင့် သင်တန်းသား/သင်တန်းသူအင်အား (၅၇၀) ဦးခန့်အား အသိပညာပေးဟောပြောပွဲများပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြောင်းမြမြို့ ပညာရေးကောလိပ်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
(၃၀-၆-၂၀၁၇) ရက်နေ့တွင် မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မြောင်းမြမြို့ ပညာရေးကောလိပ်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး DAN Mobile Application အား ထည့်သွင်းပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၄၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဟင်္သာတမြို့၊ သနွံသနော့အုပ်စု၊ သရက်တောရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း
(၂၈-၆-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဟင်္သာတမြို့၊ သနွံသနော့အုပ်စု၊ သရက်တောရွာ၌ (၂၄-၆-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀၅၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)









