(၃၀-၆-၂၀၁၇) ရက်နေ့တွင် မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မြောင်းမြမြို့ ပညာရေးကောလိပ်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး DAN Mobile Application အား ထည့်သွင်းပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၄၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)