(၂၈-၆-၂၀၁၇) ရက်နေ့တွင် နမ့်ဆန်မြို့နယ်၊ နမ့်လင်းခမ်းအုပ်စု၊ မန်လန်းရွာမှ လားရှိုးမြို့နယ်၊ ရပ်ကွက် (၉) အောင်မင်္ဂလာ နမ့်ဆန်ကျောင်း၊ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်း၊ ခေးနင်းကျေးရွာဘုန်းကြီးကျောင်းနှင့် လွယ်လွမ့်ကျေးရွာဘုန်းကြီးကျောင်းများသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၄၉) စုမှ ကျား (၆၁) ဦး၊ မ (၇၂) ဦး စုစုပေါင်း (၁၃၃) ဦးတို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၆-၂၀၁၇) ရက်နေ့၊ (၁၆းဝ၀) နာရီတွင် ဆန်ရိက္ခာ(၇)ရက်စာ တန်ဖိုးငွေ (၂၇၉၃၀၀) ကျပ်၊ တစ်အိမ်ထောင်လျှင် ဆီ (၅၀)သား (၉၈၀၀၀) ကျပ်၊ ငါးသေတ္တာ ၃ ဘူး (၅၁၄၅၀) ကျပ်နှင့် ပလပ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)