Category Archives: News
-
ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး နေရပ်ပြန်ရန် အခက်အခဲရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ်သား (၁) ဦးအတွက် ထောက်ပံ့ငွေ ပေးအပ်မှုသတင်း
(၆-၇-၂၀၁၇) ရက်နေ့တွင် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ကျား (၁၀၂) ဦး၊ မ (၇၆) ဦး စုစုပေါင်း(၁၇၈) ဦးအနက်မှ သာယာဝတီ သုံးဆယ်မြို့၊သပြေကုန်းရပ်ကွက်တွင် နေထိုင်သော ဦးဇော်လင်း အသက် (၃၂) နှစ် (ဘ) ဦးတင်ဝင်း သည် နေရပ်ပြန်ရန် လမ်းစရိတ်အခက်အခဲရှိနေပါသဖြင့် မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၇-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ငွေ (၂၇၀၀၀) ကျပ်တိတိအား ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ရွာမကြီးကျေးရွာအုပ်စု၊ ရွာမကြီးကျေးရွာ၌ (၂-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၆၀,၀၀၀) ကျပ်တို့အား (၁၁-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဖားကန့်မြို့နယ်အတွင်းရှိ ရေကြီးမှုအမြဲကြုံတွေ့နေရသည့် မြို့မရပ်ကွက်နှင့် အေးမြသာယာရပ်ကွက်တို့မှ အိမ်ထောင်စုများအား ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခြင်း၊ သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် ရေဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေကျင့်ခန်း၊ ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြခြင်းများ ဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ဖားကန့့်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့တို့ပူးပေါင်း၍ (၇-၇-၂၀၁၇) ရက်နေ့၊ (၀၉းဝ၀) နာရီအချိန်တွင် ရေကြီးမှုအမြဲကြုံတွေ့နေရသည့် ဖားကန့်မြို့နယ်၊ မြို့မရပ်ကွက်နှင့် အေးမြသာယာရပ်ကွက်တို့မှ အိမ်ထောင်စုများအား ဘေးလွတ်ရာအောင်ဇေယျုံဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး သဘာဝဘေးအသိပညာပေးဟောပြောခြင်းကို ပြည်နယ်ကယ်ဆယ်ရေးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆွေးနွေးဟောပြောခဲ့ကြပါသည်။ ဆက်လက်၍ ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြခြင်းအခမ်းအနားကို ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်ဥရုချောင်းတွင် ကျင်းပရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများက လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်(မွမ်းမံ) သင်တန်း ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင် ့ပြန်လည်နေရာချထားရေးဦးစီဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ဖားကန့်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့တို့ပူးပေါင်း၍ (၃-၇-၂၀၁၇) ရက်နေ့မှ (၇-၇-၂၀၁၇) ရက်နေ့ထိ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (မွမ်းမံ) သင်တန်းကို ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသူ/သား (၇၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မြို့မဘုန်းတော်ကြီးကျောင်းနှင့် တံတားဦးဘုန်းကြီးကျောင်းရှိ ရေဘေးရှောင်စခန်းများတွင် ပြောင်းရွှေ့နေထိုင်ကြသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မြို့မဘုန်းတော်ကြီးကျောင်းနှင့် တံတားဦးဘုန်းကြီးကျောင်းရှိ ရေဘေးရှောင်စခန်းတွင် ပြောင်းရွေ့နေထိုင်ကြသော မြို့မ(၁)၊ မြို့မ(၂)ရပ်ကွက်ရှိ ပြောင်းရွေ့အိမ်ထောင်စု (၄၃) စု၊ လူဦးရေ (၁၉၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၄၃) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၀၅၃၀၀) ကျပ်အား (၉-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ ကမ္မမြို့နယ်၊ စမ်းသပြေကျေးရွာ၌ (၈-၇-၂၀၁၇) ရက်နေ့တွင် မိုးကြိုးထိမှန် မီးလောင်ကျွမ်းခဲ့သည့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀) ကျပ်တို့အား (၁၀-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်၊ (၁၁:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်းသတိပေးချက်
မြစ်ရေကြီးခြင်းသတိပေးချက် (၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်၊(၁၁:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ကသာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် … Read more
-
ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် လောင်းကောင်းကျေးရွာအုပ်စု၊ လောင်းကောင်းကျေးရွာ၊ ညောင်ဝန်းကျေးရွာနှင့် ညောင်သပြေကျေးရွာများရှိ ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် လောင်းကောင်းကျေးရွာအုပ်စု၊ လောင်းကောင်းကျေးရွာ၊ ညောင်ဝန်းကျေးရွာနှင့် ညောင်သပြေကျေးရွာများရှိ ပြောင်းရွေ့အိမ်ထောင်စု (၄၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၄၆) အိမ်ထောင်စာ လူဦးရေ (၂၇၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပ့ံငွေ (၅၇၃၃၀၀) ကျပ်တိတိအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်အတူ (၁၀-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ညောင်တုန်းကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မြမ္မာပြာသာကျေးရွာအုပ်စု၊ ရွာသာကြီး ကျေးရွာတွင် (၇-၇-၂၀၁၇) ရက်နေ့နှင့် (၉-၇-၂၀၁၇) ရက်နေ့များ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည့် နေအိမ် (၄၁) လုံး၊ အိမ်ထောင်စု (၄၁) စုမှ လူဦးရေ (၁၆၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၁၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ (၃၃၈၁၀၀/-) … Read more









