Category Archives: News
-
မင်းဘူးစကုမြို့နယ်မှ ရေဝင်ရွှေ့ပြောင်းအိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးစကုမြို့နယ်မှ ရေဝင်ရွှေ့ပြောင်းအိမ်ထောင်စု (၈၆) စုမှ လူဦးရေ (၃၁၃) ဦးတို့အတွက် ဆန်(၇)ရက်စာဖိုး (၆၅၇၃၀၀) ကျပ်ကို မင်းဘူးစကုမြို့နယ်ထွေ/အုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးထံသို့ (၂၅-၇-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာ၌ (၁၉-၇-၂၀၁၇) ရက်နေ့တွင် မြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် ကမ်းပြိုဘေးသင့် အိမ်ခြေ (၉) လုံး၊ အိမ်ထောင်စု (၉) စု၊ လူဦးရေ (၅၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၁၇,၆၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀၀,၀၀၀) ကျပ် စုစုပေါင်း (၁,၀၁၇,၆၀၀) တို့အား (၂၅-၇-၂၀၁၇) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် … Read more
-
၂၀၁၇ ခုနှစ်၊ ဇူလိုင်(၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များတွင် ရေဘေးဖြစ်ပွားမှုနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေ
၂၀၁၇ ခုနှစ်၊ ဇူလိုင်(၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များတွင် ရေဘေးဖြစ်ပွားမှုနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေ
-
သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပြောင်းရွှေ့ရေဝင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
(၂၃-၇-၂၀၁၇) ရက််နေ့တွင် သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပြောင်းရွှေ့ရေဝင်အိမ်ထောင်စု (၃၀) စုမှ လူဦးရေ (၁၀၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွွေ (၂၁၀၀၀၀) ကျပ်တိတိအား ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၄-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပ့ံပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်အတွင်း၌ (၁၉-၇-၂၀၁၇) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွတ်ရာသို့ ခေတ္တပြောင်းရွှေ့နေထိုင်သော ကန်သာသာရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက်တို့မှ အိမ်ထောင်စု (၁၃၅) စု၊ လူဦးရေ (၆၁၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁,၂၉၉,၉၀၀) ကျပ်တို့အား (၂၄-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဉ်(၆/၂၀၁၇) ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ပိုင်းခရိုင်၊ ဒလမြို.နယ်တွင် (၂၅-၇-၂၀၁၇) ရက်နေ.မှ (၂၇-၇-၂၀၁၇)ရက်နေ.အထိ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဉ် (၆/၂၀၁၇) စေတနာ့ဝန်ထမ်းလူငယ် သင်တန်းသား(၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၇-၂၀၁၇) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ကျိုက်မရောမြို့နယ်၊ ကျိုက်ပရန်ကျေးရွာရှိ လူဦးရ (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
အောင်လံမြို့နယ်တွင်းရေဘေးရှောင်ပြည်သူများအားထောက်ပ့ံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သရက်ခရိုင်ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်တွင် ထောက်ပ့ံပေးရန် ကျန်ရှိသော ဧရာဝတီမြစ်ရေမြင့်တက်၍ဘေးလွတ်ကင်းရာသို့ (၁၆.၇.၂၀၁၇)နေ့မှ (၂၁.၇.၂၀၁၇) ရက်နေ့ထိရှွေ့ပြောင်းရွှေ့ခဲ့သောအိမ်ထောင်စု(၁၁၇)စု၊လူဦး ရေ(၃၇၄)ဦးတို့အတွက် ဆန်(၇) ရက်စာဖိုး (၇၈၅၄၀၀ိ/)နှင့် ရေသန့်ဆေးဖာ (၄၆) ဖာ (၃၀) ထုပ်တို့ကို (၂၅.၇.၂၀၁၇) ရက်နေ့က သွားရောက် ထောက်ပ့ံခဲ့ပါကြောင်းသတင်းရရှိပါသည်။Source: သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး၊နေပြည်တော်မှတာဝန်ရှိသူများသည် (၂၅-၇-၂၀၁၇)နေ့တွင်တပ်ကုန်းမြို့နယ်၊သပြေချောင်း (အ.လ.က) ကျောင်းသို့သွားရောက်၍ ကျောင်းသား ကျောင်းသူ (၂၀၀) ဦးတို့အားသဘာဝဘေး လျော့ပါးရေးဆောင်ရန်ရှောင်ရန်အချက်များ အားဟော ပြောခဲ့ပြီးမိုးကြိုးဘေး၊မီးဘေး၊ငလျင်ဘေးတို့ကြုံတွေ့ရပါကမည်သို့တုံံ့ပြန်ရမည်များကိုသရုပ်ပြရှင်းလင်းခဲ့ပြီးလက်တွေ့လုပ်ဆောင်သရုပ်ပြခဲ့ရာကျောင်းသားကျောင်းသူများစိတ်ပါဝင်စားစွာတက်ရောက်နားထောင်ခဲ့ကြပြီးဗလာစာအုပ်၊ဘောလ်ပင်၊လက်ကမ်းစာစောင်၊ဗွီနိုင်းပိုစတာများဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)









