အောင်လံမြို့နယ်တွင်းရေဘေးရှောင်ပြည်သူများအားထောက်ပ့ံမှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သရက်ခရိုင်ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်တွင် ထောက်ပ့ံပေးရန် ကျန်ရှိသော ဧရာဝတီမြစ်ရေမြင့်တက်၍ဘေးလွတ်ကင်းရာသို့ (၁၆.၇.၂၀၁၇)နေ့မှ (၂၁.၇.၂၀၁၇) ရက်နေ့ထိရှွေ့ပြောင်းရွှေ့ခဲ့သောအိမ်ထောင်စု(၁၁၇)စု၊လူဦး ရေ(၃၇၄)ဦးတို့အတွက် ဆန်(၇) ရက်စာဖိုး (၇၈၅၄၀၀ိ/)နှင့် ရေသန့်ဆေးဖာ (၄၆) ဖာ (၃၀) ထုပ်တို့ကို (၂၅.၇.၂၀၁၇) ရက်နေ့က သွားရောက် ထောက်ပ့ံခဲ့ပါကြောင်းသတင်းရရှိပါသည်။Source: သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events