Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး၊နေပြည်တော်မှတာဝန်ရှိသူများသည် (၉-၈-၂၀၁၇)နေ့တွင် ဇေယျာသီရိမြို့နယ်၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစနစ်၊ သဘောတရားများနှင့်DAN Mobile Application အသုံးပြုပုံနည်းစနစ်များ ကိုရှင်း လင်းခဲ့ပြီး စုစုပေါင်း (၇၅) ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စု၊ ဆင်ကူးကျေးရွာတွင် ရေဝင်နစ်မြုပ်မှုကြောင့် (၆-၈-၂၀၁၇) ရက်နေ့၌ ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် (၂၂) မျိုးပါ Family Kits (၁) ပုံး၊ ဆန်ရိက္ခာ (၇) ရက်စာ (၆,၃၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ်၊ စုစုပေါင်း (၁၀၆,၃၀၀) ကျပ်တို့အား (၉-၈-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ … Read more
-
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အလှူငွေများ ပေးအပ်လှူဒါန်းခြင်း
၉.၈.၂၀၁၇၊ နေပြည်တော် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသော အလှူငွေ ကျပ်သန်း (၂၀၀) ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သံအမတ်ကြီး H.E Mr. Hong Liang က (၉-၈-၂၀၁၇) ရက်နေ့၊ နံနက် (၀၉းဝဝ) အချိန်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် လာရောက်ပေးအပ်လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၁၇) နေ့တွင် ထိုင်းနိုင်ငံမှ အထောက်အထားမဲ့ မြန်မာလုပ်သား (၄၈) ဦး ပြန်လည်ရောက်ရှိလာ၍ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှကြိုဆိုခဲ့ပြီး (၄၈) ဦးအနက်မှ (၆) ဦးအတွက် ခရီးစရိတ် (၁၂၇,၀၀၀) ကျပ်အား ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဆင်ခြေယာကျေးရွာအုပ်စု၊ ဇရပ်နီကျေးရွာ၌ (၃-၈-၂၀၁၇) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၁) လုံး အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ (၈,၄၀၀)ကျပ်၊အိမ်ထောင်စု (၁) စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ်၊ စုစုပေါင်း (၁၀၈,၄၀၀) ကျပ်အားလည်းကောင်း၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာ၌ (၃-၈-၂၀၁၇) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၁၇)နေ့ တွင်ဖြစ်ပွားသော ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ ခမောက်ငယ်ကျေးရွာ လေဘေးတွင် ရတနာဂီရိဘုန်းကြီးကျောင်း တစ်စိတ်တပိုင်းပျက်စီးမှု အတွက် (၁၀၀၀၀၀)ထောက်ပံ့ခဲ့ကြောင်း သတင်း ရရှိပါသည်။Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သာပေါင်းမြို့နယ်အတွင်း မြစ်ရေကြီးမှုကြောင့် ရေဘေးသင့် ပြည်သူများ ဆန်ရိက္ခာဖိုးငွေထောက်ပံ့ မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း မြစ်ရေကြီးမှုကြောင့် ရေဝင်အဆင့်ထိုးနေထိုင်သည့် ရေဘေးသင့် ပြည်သူ (၁၃၄၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၈၃၂၉၀၀ိ/-)အား (၈-၈-၂၀၁၇)ရက်နေ့တွင် သာပေါင်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌထံသို့လွှဲပြောင်း ထောက်ပံ့ပေး အပ် ခဲ့ပါကြောင်းသတင်း ရရှိပါသည်Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး UNDP Administer ဖြစ်သူMr. Achim Steiner ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံမှုသတင်း
၈.၈.၂၀၁၇၊ နေပြည်တော် လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးမှ UNDP Administer ဖြစ်သူ Mr. Achim Steiner ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်(၁၁:၃၀)နာရီတွင် အဆိုပါဝန်ကြီးရုံး၊မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာနအနေဖြင့် လူမှှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းများကို ဒီမိုကရေစီ စံနှှုန်းများ၊ လူ့အခွင့်အရေးဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကြိုတင်ပြင်ဆင်ရေး ကို စနစ်တကျ ဦးစားပေးဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေး လုပ်ငန်းစီမံချက်(၂၀၁၇)ကို အပြီးသတ်ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ … Read more
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်းကို မိုးညှင်းမြို့ တွင် (၈.၈.၂၀၁၇) မှ(၁၀.၈.၂၀၁၇) ရက်နေ့အထိကျင်းပပြုလုပ်မည်ဖြစ်ပြီး (၁၁.၈.၂၀၁၇) ရက်နေ့ တွင် ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်း အားနောင်စွန်းရပ်တွင်ပြုလုပ်သွားမည်။ အဆိုပါသင်တန်း ကချင်ပြည်နယ်ဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ် ရေးမှူးတို့မှ တက်ရောက်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ/ သားများအား သင်ထောက်ကူပစ္စည်းများအား ပေးအပ်ခဲ့ကြောင်းသတင်း ရရှိပါသည်။Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကော့ကရိတ်မြို့နယ်၊ သိမ္ပလိန်းကျေးရွာ၌ ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
(၅-၈-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့ကရိတ်မြို့နယ်၊ သိမ္ပလိန်းကျေးရွာ၌ ကော့ကရိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ Karen Baptist Convention (KBC) အဖွဲ့၊ ကျေးရွာနေပြည်သူလူထုများနှင့်ပူးပေါင်း၍ ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းအား ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)









