လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး၊နေပြည်တော်မှတာဝန်ရှိသူများသည် (၉-၈-၂၀၁၇)နေ့တွင် ဇေယျာသီရိမြို့နယ်၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစနစ်၊ သဘောတရားများနှင့်DAN Mobile Application အသုံးပြုပုံနည်းစနစ်များ ကိုရှင်း လင်းခဲ့ပြီး စုစုပေါင်း (၇၅) ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)