Category Archives: News
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၈.၂၀၁၇) ရက်နေ့ (၁၀:ဝဝ) နာရီတွင် မွန်ပြည်နယ် သထုံမြို့နယ်၊ ဒေးဗရိမ်းကျေးရွာ၌ သဘာဝဘေးစီမံ ခန့်ခွဲရေးကော်မတီအဖွဲ့များနှင့်ပူးပေါင်း၍ သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ် ခဲ့ရာ ပြည်သူ (၁၅၀) ဦးတက်ရောက်ခဲ့ပါသည်။ ၎င်းနောက် မီးဘေး၊ ရေဘေး၊ မုန်တိုင်း ဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုကြိုးဘေး စသည့် အသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများနှင့် ဗီနိုင်းများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး … Read more
-
Actionaid Myanmar-AAM၊ Norwegian Refugee Council- NRC တို့နှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်း
“သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် အရေးကိစ္စတိုင်းအတွက် ပေါင်းစပ်ညှိနှိုင်းအဖြေရှာခြင်း၊ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ရင်ဆိုင်တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများသည် အဖွဲ့အစည်းတစ်ခုတည်း၊ လူပုဂ္ဂိုလ်တစ်ဦးတည်း အနေဖြင့် ဖြေရှင်းဆောင်ရွက်နိုင်သည့် ကိစ္စမျိုးမဟုတ်သည့်အတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်ခြင်းသည် အဖွဲ့အစည်းများအကြားပူးပေါင်းဆောင်ရွက်မှုအတွက် ကတိကဝတ်ပြုမှု၏ ပြယုဂ်တစ်ခုမျှသာဖြစ်ပါကြောင်း၊ မည်သည့် နည်းလမ်းဖြင့်မဆို ပူပေါင်း ဆောင်ရွက်မှုများကိုဆောင်ရွက်ရန် အသင့်ရှိပါကြောင်းစသည်ဖြင့် (၁၀-၈-၂၀၁၇) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီတွင် ဦးစီးဌာန၊ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲတွင် … Read more
-
ကမ်းပြိုဘေးဖြစ်ပွားမှုအခြေအနေများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ထောက်ပံ့ကူညီမှုအခြေအနေ
မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသည့် သဘာဝဘေးအန္တရာယ်များအနက် ကမ်းပြိုဘေးသည်လည်း တစ်ခု အပါ အဝင်ဖြစ်ပြီး ၂၀၁၆ ခုနှစ်ခန့်မှစ၍ နိုင်ငံအဝှမ်း ပိုမိုဖြစ်ပွားလာလျက်ရှိသည်ကို တွေ့ရှိရပါသည်။ မှတ်တမ်းများအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ကမ်းပြိုဘေး (၁၇၈) ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လ (၃၁) ရက်နေ့အထိ (၁၈၈) ကြိမ်ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသဖြင့် ယခုနောက်ပိုင်းတွင် ပိုမိုဖြစ်ပွား လာလျက်ရှိသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ကြောင်း တွေ့ရှိရပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အခြားသောဘေးအန္တရာယ် များအတွက် ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိသကဲ့သို့ပင် ကမ်းပြိုဘေးကြောင့် နေအိမ်ပျက်စီးဆုံးရှုံးရသော ပြည်သူများ၊ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၈-၂၀၁၇)နေ့တွင် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ကြိမ်ဂနိုင်ကျေးရွာစု ဆင်လမ်းကျေးရွာ ဆင်လမ်းစုဓမ္မာရုံတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း DAN Mobile App အကြောင်းများလည်းရှင်းလင်းဆွေးနွေးခဲ့ပြီးစုစုပေါင်း(၂၀၀)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၈-၂၀၁၇)နေ့တွင် လွိုင်ကော်မြို့၊အခြေခံပညာအထက်တန်းကျောင်း (လောပိတ) တွင် ပြုလုပ်သော သဘာဝဘေးအန္တ ရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး ကျောင်းသား/သူ စုစုပေါင်း(၂၁၀)တက်ရောက် ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ရှားပင်ကုန်းကျေးရွာ၌ (၆-၈-၂၀၁၇) ရက်နေ့၌ ကမ်းပြိုရွှေ့ပြောင်း နေအိမ် (၄) လုံးအတွက် တစ်အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၄၀၀,၀၀၀) ကျပ်အား (၁၀-၈-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ဝက်ကုန်းကျေးရွာအုပ်စု၊ လဲခုံလေးကျေးရွာတွင် (၃၁-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့် ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ(၂၇,၃၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၂၂၇,၃၀၀) ကျပ်တို့အား လေးမျက်နှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၈-၂၀၁၇)နေ့တွင် မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာတွင် သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၇) ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ အထက (၃) ကျောင်း၌ ရှေ့ဦးပြုစုခြင်း (အခြေခံ) သင်တန်းတက်ရောက် နေသော အလယ်တန်းကျောင်းသား/သူ (၅၀) ဦးအား သဘာဝဘေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)









