သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

10_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၈.၂၀၁၇) ရက်နေ့ (၁၀:ဝဝ) နာရီတွင် မွန်ပြည်နယ် သထုံမြို့နယ်၊ ဒေးဗရိမ်းကျေးရွာ၌ သဘာဝဘေးစီမံ ခန့်ခွဲရေးကော်မတီအဖွဲ့များနှင့်ပူးပေါင်း၍ သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ် ခဲ့ရာ ပြည်သူ (၁၅၀) ဦးတက်ရောက်ခဲ့ပါသည်။ ၎င်းနောက် မီးဘေး၊ ရေဘေး၊ မုန်တိုင်း ဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုကြိုးဘေး စသည့် အသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများနှင့် ဗီနိုင်းများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:   သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events