Category Archives: News
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ လက်ဆောင်ကွင်းကျေးရွာအုပ်စု၊ သိုင်းချောင်းကျေးရွာမှ မြောင်းမြမြို့နယ်၊ ထုံးဘိုဗျိုင်းဖြူကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာ (အလကခွဲ) တွင် ပညာသင်ကြား၍ ကျောင်းဆင်းပြန်လာသည့် ကူးတို့လှေသည် (၁၆-၈-၂၀၁၇) ရက်နေ့တွင် ကျောင်းသား/ကျောင်းသူ (၁၇) ဦးတင်ဆောင်၍ ပမ္မဝတီမြစ်အားဖြတ်ကူးစဉ် ကူးတို့လှေဝမ်းဗိုက်ပေါက်၍ နစ်မြုပ်မှု ကြောင့် ကူးတို့မောင်းနှင်သူ(၁)ဦး၊ ကျောင်းသား(၁)ဦး၊ ကျောင်းသူ(၁)ဦး၊ စုစုပေါင်း(၃)ဦးသေဆုံး၍ ကျောင်းသား/ကျောင်းသူ(၁၅) ဦး အား ရှာဖွေကယ်ဆယ်နိုင်ခဲ့ပါသည်။ အဆိုပါကူးတို့လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ (၃) ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၉၀၀,၀၀၀) ကျပ်၊ အသက်ရှင်ကျန်ရစ်သူကျောင်းသား/ကျောင်းသူ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၁၇) ရက်နေ့တွင် ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်ဟွန်းကျေးရွာ အ.လ.က မှ ကျောင်းသား/ကျောင်းသူ (၁၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၁၇) ရက်နေ့တွင် စစ်တွေမြို့နယ်၊ ကျက်တောပြင်ကျေးရွာမှ ကျေးရွာသူ/ကျေးရွာသား (၁၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ပေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
တိုက်ပွဲရှောင်ပြည်သူများအတွက် မိုးကာတဲများ ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ၊ နမ္မတီးမြို့၊ လမ်းခွကျေးရွာ၊ နှစ်ခြင်းဘုရားကျောင်းနှင့် စိန့်ပေါလုဘုရားကျောင်း ကယ်ဆယ်ရေးစခန်းတို့တွင် ရောက်ရှိနေသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် (၁) လုံးလျှင် လူ (၆) ဦးဆံ့ ဆော်ဒီမိုးကာတဲ (၁၃၁) လုံးအား (၁၈-၈-၂၀၁၇ ) ရက်နေ့တွင် မီးသတ်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက စခန်းတာဝန်ခံများထံသို့လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသူများသည် သရက်ခရိုင်၊ အောင်လံမြို့နယ်၊ တောင်ဗွေကျေးရွာ၌ (၁၆-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀၀) ကျပ်၊ စုစုပေါင်း (၁၁၄,၇၀၀) ကျပ်တို့အား (၁၈-၈-၂၀၁၇) ရက်နေ့တွင် မီးဘေးသင့်ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၁၇) ရက်နေ့တွင် စစ်တွေမြို့နယ်၊ အောင်ဒိုင်ကျေးရွာမှ ကျေးရွာသူ/ကျေးရွာသား (၁၂၀) ဦးခန့်အား သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
မြောင်းမြမြို့ ကံ့ကော်မြိုင်ရပ်ကွက် မီးဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း
(၁၇-၈-၂၀၁၇) ရက်နေ၊ (၁၄း၄၀) နာရီအချိန်တွင် မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ က့ံကော်မြိုင်ရပ်ကွက်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် သွပ်မိုး ထရံကာ ပျဉ်ခင်း နေအိမ် (၁) လုံး မီးလောင်ခဲ့ရာ အဆိုပါမီးဘေးသင့် အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁) သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်းပုံးပါ (၉) မျိုး (၁) အိမ်ထောင်စာအား မြောင်းမြခရိုင် ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၁၇) ရက်နေ့တွင် ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရမ်းဗြဲမြို့နယ်၊ ဝက်ကော့ကျေးရွာနှင့် အဝကျေးရွာတို့၌ (၁၆-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဆင်နှာမောင်းဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ထောင်စု (၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး၊ (၉) အိမ်ထောင်စာနှင့် လူဦးရေ (၃၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇၅,၆၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၅,၀၀၀) ကျပ်၊ စုစုပေါင်း (၅၈၀,၆၀၀) ကျပ်တို့အား (၁၇-၈-၂၀၁၇) ရက်နေ့တွင် ရမ်းဗြဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဓနုံးအုပ်စုရှိ ကျေးရွာ (၁၂) ရွာအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်သုံးပစ္စည်း Family Kits များ ပေးအပ်မှုသတင်း
(၁၆-၈-၂၀၁၇) ရက်နေ့တွင် Lutheran World Federation (LWF) မြန်မာအဖွဲ့မှ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဓနုံးအုပ်စုရှိ ကျေးရွာ (၁၂) ရွာအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်သုံးပစ္စည်း Family Kits များ ပေးအပ်သည့်အခမ်းအနား ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကားပြောကြားပြီး LWF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Family Kits တွင်ပါဝင်သောပစ္စည်းများ၏ အသုံးပြုပုံကိုပြသခဲ့ပြီး ကျေးရွာတစ်ရွာချင်းစီအလိုက် family kits ကိုပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ ဆင်ဘိုမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ရေနားပင်လုံကျေးရွာနှင့် တာဟိုးနားကျေးရွာတို့တွင် (၁၄-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့ သော ရေးဘေးကြောင့် ရေဘေးသင့်အိမ်ထောင်စု (၂၅) စုမှ လူဦးရေ (၁၀၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၈) မျိုး (၂၅) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁၈,၄၀၀) ကျပ်တို့အား (၁၇-၈-၂၀၁၇) ရက်နေ့တွင် ဆင်ဘိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)









