ထောက်ပံ့ငွေပေးအပ်မှုသတင်း

18 Pic 02

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ လက်ဆောင်ကွင်းကျေးရွာအုပ်စု၊ သိုင်းချောင်းကျေးရွာမှ မြောင်းမြမြို့နယ်၊ ထုံးဘိုဗျိုင်းဖြူကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာ (အလကခွဲ) တွင် ပညာသင်ကြား၍ ကျောင်းဆင်းပြန်လာသည့် ကူးတို့လှေသည် (၁၆-၈-၂၀၁၇) ရက်နေ့တွင် ကျောင်းသား/ကျောင်းသူ (၁၇) ဦးတင်ဆောင်၍ ပမ္မဝတီမြစ်အားဖြတ်ကူးစဉ် ကူးတို့လှေဝမ်းဗိုက်ပေါက်၍ နစ်မြုပ်မှု ကြောင့် ကူးတို့မောင်းနှင်သူ(၁)ဦး၊ ကျောင်းသား(၁)ဦး၊ ကျောင်းသူ(၁)ဦး၊ စုစုပေါင်း(၃)ဦးသေဆုံး၍ ကျောင်းသား/ကျောင်းသူ(၁၅)  ဦး အား ရှာဖွေကယ်ဆယ်နိုင်ခဲ့ပါသည်။

အဆိုပါကူးတို့လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ (၃) ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၉၀၀,၀၀၀) ကျပ်၊ အသက်ရှင်ကျန်ရစ်သူကျောင်းသား/ကျောင်းသူ (၁၅) ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၇၅၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၆၅၀,၀၀၀) ကျပ်တို့အား (၁၈-၈-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး)၊ ကန်ကြီးထောင့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူ၊ ကန်ကြီးထောင့်မြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဆန်းနှင့် ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် သေဆုံးသူနှင့် အသက်ရှင် ကျန်ရစ်သူများ၏ မိသားစုဝင်များထံသို့ ထောက်ပံ့ငွေများအား ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:   ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events