Category Archives: News
-
သဘာဝဘေးအန္တရယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း
(၁၇-၉-၂၀၁၇)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်ခဲ့ရာ ပြည်သူလူထုစုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း
(၁၇-၉-၂၀၁၇)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်ဗန်းမော်မြိုု့ (၃)မိုင်နှစ်ခြင်းဘုရားကျောင်းတွင် သဘာဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆွေးနွေးဟောပြောပွဲပြုလုပ်ခဲ့ရာ ပြည်သူလူထုစုစုပေါင်း(၁၈၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း
(၁၇-၉-၂၀၁၇)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ကျေးရွာ၊ အ-လ-က(ခွဲ) ကျောင်းတွင် ကျောင်းသား/သူ (၁၅၀) အား သဘာဝဘေးအန္တရယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
-
ပြည်သူူများအတွက်အလှူငွေများပေးအပ်မှုသတင်း
ရခိုင်ပြည်နယ်မှ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒုက္ခရောက်နေသည့် ဒေသခံပြည်သူများအတွက် ပရဟိတအဖွဲ့များ စုပေါင်းပြီး မြဝတီခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနသို့ အလှူငွေ၊ ဆန်နှင့် အဝတ်အထည်များ ယနေ့ စက်တင်ဘာ၁၇ ရက်၊ နံနက် ၁၀ နာရီက လှူဒါန်းခဲ့ရာ မြဝတီမြို့မှ ညဈေးမိသားစုများ၊ ၈၈ ညီနောင် ၂ ပါတီမှ ပါတီဝင်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များ စုပေါင်း၍ ငွေကျပ်၂၅ သိန်း၊ ဆန် ၁ဝ အိတ်နှင့် အဝတ်အထည်များ၊ စောင်နှင့် ခြင်ထောင်များအား မြဝတီခရိုင်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ လက်ခံရယူပေးပြီး … Read more
-
သဘာဝဘေးအန္တရယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း
(၁၆-၉-၂၀၁၇)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ စခန်းသာကျေးရွာ၊ အ-လ-က(ခွဲ) ကျောင်းတွင် ကျောင်းသား/သူ (၁၅၀) အား သဘာဝဘေးအန္တရယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
-
လေပြင်းဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အလန်းကြီးကျေးရွာအုပ်စု၊ ကုန်းတန်းကျေးရွာနှင့် အလန်းဖျားတန်းကျေးရွာ၌ (၁၁.၉.၂၀၁၇)၇က်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံး၊ အိမ်ထောင်စု (၂)စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ စုစုပေါင်းနေအိမ်(၅)လုံး၊ အိမ်ထောင်စု (၅)စုစာနှင့် ဘုန်းတော်ကြီးကျောင်း မီးဖိုဆာင်ပြိုကျပျက်စီး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ၇န်ပုံငွေ (၇၀၀၀၀၀ိ/-)နှင့် စုစုပေါင်းလူဦးရေ (၂၂)ဦးစာ အတွက် ဆန်ရိက္ခာဖိုး ၇န်ပုံငွေ (၄၆၂၀၀ိ/-) စုစုပေါင်း၇န်ပုံငွေ (၇၄၆၂၀၀ိ/-)(ကျပ်ခုနှစ်သိန်းလေးသောင်းခြောက်ထောင့်နှစ်ရာတိတိ)အား (၁၅.၉.၂၀၁၇)၇က်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး၇ှိ တာဝန်ရှိသူများမှ … Read more
-
သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း
လူမှု/ကယ်ဆယ်ဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို (၁၅-၉-၂၀၁၇) ရက်နေ့တွင် နမ့်ခမ်းမြို့၊ ကျားဖြူခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူ းနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုအဖွဲ့အစည်းများမှ အင်အား (၁၁၀) ဦးတက်ရောက်ခဲ့ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းကျော်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်နယ်မှူး ဦးစိုးနိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အမှာစကားပြောကြားခြင်း တက်ရောက်လာသူများနှင့် အပြန်အလှန်သုံးသပ် ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ညနေ (၁၆း၀၀) အချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ARSA အကြမ်းဖက်ဖြစ်စဉ်ကြောင့် မောင်တောမြို့၊ သာသနာ့ဗိမာန်စုရပ်သို့ ထပ်မံခိုလှုံရန်ရောက်ရှိလာသည့် မောင်တောမြို့နယ်ကျေးရွာများမှ အိမ်ထောင်စု (၅၁) စုအတွက် ကဆရပစ္စည်း (၉) မျိုး၊ (၅၁) အိမ်ထောင်စာတို့အား (၁၅-၉-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကမ်းပြိုဘေးထောက်ပံ့ပြီးစီးမှုသတင်း
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ရေလယ်ရွာမကျေးရွာ၊ အချင်းပြစ်(နောက်)၊ အချင်းပြစ်(မြောက်)၊ ဥယျာဉ်စုကျေးရွာနှင့် ဇီးကုန်းကျေးရွာတို့တွင် (၇.၉.၂၀၁၇)ရက်နေ့မှ (၈.၉.၂၀၁၇)ရက်နေ့ထိ ကမ်းပြို ဘေးဖြစ်ပွားမှုကြောင့် အိမ်ခြေ(၁၂၇)၊ အိမ်ထောင်စု(၁၂၇)၊ လူဦးရေ(၅၂၆)ဦးအတွက် အိမ်ဆောက်ပစ္စည်း ဖိုး(၁၂၇၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး(၁၁၀၄၆၀၀ိ/-)၊ စုစုပေါင်း (၁၃၈၀၄၆၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၈)မျိုးတို့အား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနတာဝန်ရှိ သူတစ်ဦးမှ (၁၅.၉.၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ကို သီးခြားစီလက်ခံတွေ့ဆုံ ၁၅.၉.၂၀၁၇၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၁၄-၉-၂၀၁၇)ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန် နိုင်ငံ သံအမတ်ကြီး H.E Mr. Tateshi Higuchiအားလည်းကောင်း၊ (၁၅-၉-၂၀၁၇) ရက်နေ့ တွင် အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vikram Misri အားလည်းကောင်း အဆိုပါ ဝန်ကြီး ရုံး၊ မေခလာခန်းမတွင် သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ဂျပန်နိုင်ငံသံအမတ်ကြီးက ရခိုင်ပြည်နယ် ဆင်းရဲမှုလျော့နည်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက်အကူအညီများ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို နှစ်နိုင်ငံချင်း တိုက်ရိုက်လှူဒါန်းခဲ့သလို နိုင်ငံတကာအဖွဲ့အစည်းများမှ တစ်ဆင့်ကူညီပေးခဲ့ … Read more









