
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အလန်းကြီးကျေးရွာအုပ်စု၊ ကုန်းတန်းကျေးရွာနှင့် အလန်းဖျားတန်းကျေးရွာ၌ (၁၁.၉.၂၀၁၇)၇က်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံး၊ အိမ်ထောင်စု (၂)စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ စုစုပေါင်းနေအိမ်(၅)လုံး၊ အိမ်ထောင်စု (၅)စုစာနှင့် ဘုန်းတော်ကြီးကျောင်း မီးဖိုဆာင်ပြိုကျပျက်စီး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ၇န်ပုံငွေ (၇၀၀၀၀၀ိ/-)နှင့် စုစုပေါင်းလူဦးရေ (၂၂)ဦးစာ အတွက် ဆန်ရိက္ခာဖိုး ၇န်ပုံငွေ (၄၆၂၀၀ိ/-) စုစုပေါင်း၇န်ပုံငွေ (၇၄၆၂၀၀ိ/-)(ကျပ်ခုနှစ်သိန်းလေးသောင်းခြောက်ထောင့်နှစ်ရာတိတိ)အား (၁၅.၉.၂၀၁၇)၇က်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး၇ှိ တာဝန်ရှိသူများမှ မအူပင်မြို့နယ်၊ ထွေ/အုပ်ဦးစီးဌာနတာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။