ပြည်သူူများအတွက်အလှူငွေများပေးအပ်မှုသတင်း

17 Pic 01
ရခိုင်ပြည်နယ်မှ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒုက္ခရောက်နေသည့် ဒေသခံပြည်သူများအတွက် ပရဟိတအဖွဲ့များ စုပေါင်းပြီး မြဝတီခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနသို့ အလှူငွေ၊ ဆန်နှင့် အဝတ်အထည်များ ယနေ့ စက်တင်ဘာ၁၇ ရက်၊ နံနက် ၁၀ နာရီက လှူဒါန်းခဲ့ရာ
မြဝတီမြို့မှ ညဈေးမိသားစုများ၊ ၈၈ ညီနောင် ၂ ပါတီမှ ပါတီဝင်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များ စုပေါင်း၍ ငွေကျပ်၂၅ သိန်း၊ ဆန် ၁ဝ အိတ်နှင့် အဝတ်အထည်များ၊ စောင်နှင့် ခြင်ထောင်များအား မြဝတီခရိုင်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ လက်ခံရယူပေးပြီး ရခိုင်ပြည်သူများထံ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events