Category Archives: News
-
မီးဘေးသင့်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာ၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု ၊ တောင်ယာထဲကျေးရွာတွင် (၁- ၁၀ -၂၀၁၇) ရက်နေ့၌ မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦးအတွက် ဆန်ဖိုး (၇) ရက်စာထောက်ပံ့ငွေ (၂၁၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးအား (၆ – ၁၀ – ၂၀၁၇) ရက်နေ့တွင် … Read more
-
အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌဦးအေးသာအောင်၏နေရပ်စွန့်ခွာဒေသခံတိုင်းရင်းသားများအတွက်ထောက်ပံ့မှုခရီးစဉ်တွင်လိုက်ပါဆောင်ရွက်မှုသတင်း
(၄-၁၀-၂၀၁၇) ရက်နေ့တွင်အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌနှင့်အတူ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်များရှိ ကယ်ဆယ်ရေးစခန်းများသို့လိုက်ပါ၍ နေရပ်စွန့်ခွာ တိုင်းရင်းသားပြည်သူများ၏အစားအသောက်၊ နေထိုင်မှု၊ ပညာရေးနှင့်ကျန်းမာရေးစသည်တို့ကို မေးမြန်းဆွေးနွေးနှစ်သိမ့် အားပေးစကားများပြောကြားခဲ့ပါသည်။
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း
(၂၈ .၉.၁၇ )ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ရွှေပြည်သာနှင့် သဒ္ဒမကျွန်း ကျေးရွာတွင် ကမ်းပြိုဘေးဖြစ်ပွားမှုကြောင့် အိမ်ခြေ (၇) လုံး၊ အိမ်ထောင်စု (၇) စု၊ လူဦးရေ (၁၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၃၉၉၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၇၉၆၈၁၀) ကျပ်နှင့် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းအုပ်စု၊ လန်တာရွာနှင့် နံကပ်ကျေးရွာတွင် (၁.၁၀.၁၇ ) ရက်နေ့တွင် … Read more
-
ပုလောမြို့နယ်အတွင်း မိုးကြိုးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးမှု သတင်း
( ၂၅ -၉ -၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားသည့် မြိတ်ခရိုင် ပုလောမြို့နယ် ကျောက္ကာ ကျေးရွာ မိုးကြိုးဘေး သင့်ပြည်သူအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်အား(၄ -၁၀ -၂၀၁၇)ရက်နေ့တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန် ရှိသူများမှထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
နောင်မွန်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကချင်ပြည်နယ်၊ နောင်မွန်မြို့နယ်၊ ထုံလာကျေးရွာတွင် (၂၂-၉-၂၀၁၇) ရက်နေ့ဖြစ်ပွားခဲ့သော မိုးအဆက်မပြတ် ရွာသွန်း၍ ရေကြီးမှုကြောင့် ကဆန်ချောင်းတွင် ရေမျောသေဆုံးခဲ့သူ ဦးဒခွမ်းဒီးရမ်အတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား နောင်မွန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်မှ တဆင့် (၃-၁၀-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံး၌ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃ – ၁၀- ၂၀၁၇) ရက်နေ့၌ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ခတ်ချို IDP Camp တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဦးစီးဌာန၏ရည်ရွယ်ချက် လုပ်ငန်းတာဝန်များနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဆွေးနွေးဟောပြောကျင်းပခဲ့ရာ လူဦးရေ စုစုပေါင်း (၁၀၀) ခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
စစ်တွေမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ ကွင်းဆင်းဆောင်ရွက်မှုသတင်း
(၃-၁၀-၂၀၁၇)ရက်နေ့တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဝန်ထမ်များ သည် မောင်တောမြောက်ပိုင်း၌ အကြမ်းဖက်မှုဖြစ်ပွားသောကြောင့် စစ်တွေမြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသော တေဇာရာမကမ္မဌာန်း သရက်အုပ်ကျောင်းတိုက်၊ ဓါတ်ဦးဘုန်းတော်ကြီးကျောင်းတိုက်နှင့် အသျှင်ဓမ္မပါလကျောင်းတိုက်များရှိ ပြည်သူများနှင့်သွားရောက်တွေ့ဆုံ၍ ကျန်းမာရေး၊ ပညာရေး၊ နေထိုင်စားသောက်မှုများအား မေးမြန်းဆွေးနွေးပြီး အားပေးစကားပြောကြားခဲ့ကြပါသည်။
-
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ရှားပင်ကုန်းကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ရှားပင်ကုန်းကျေးရွာ၌ (၂၇-၉-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းခဲ့ရသည့် နေအိမ် (၇) လုံးအတွက် နေအိမ် (၁) လုံးလျှင် ထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၇၀၀၀၀၀) ကျပ်တိတိအား ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃-၁၀-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများ၊ Red Cross Movement အဖွဲ့များဖြစ်သည့် MRCS,ICRC,IFRC တို့မှကိုယ်စားလှယ်အဖွဲ့တို့နှင့် ပူးပေါင်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးစိုးအောင်သည်ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ Red cross movement partners များဖြစ်သည့် MRCS, ICRC, IFRC တို့မှ ကိုယ်စားလှယ်များဖြင့် (၂-၁၀-၂၀၁၇) (၁၈း၄၅)နာရီတွင် ပြည်နယ်အစိုးရဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး လုပ်ငန်းများ အရှိန်မြှင့်ရေး၊ ပေါင်းစပ်ညှိနှိုင်းမှုများ အားကောင်းရေး စသည်တို့အားညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီး ဦးစိုးအောင်တို့သည်နိုင်ငံခြားသံအ တာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ပြည်သူများအားထောက်ပံပေးမှုသတင်း
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးစိုးအောင်တို့သည် (၂-၁၀-၂၀၁၇) ရက်နေ့တွင် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ/သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းမင်ငံခြားသံရုံးမျာမျှားမှ တာဝန်ခံများ၏ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ လိုက်လံလေ့လာသည့် ခရီးစဉ်၌ လိုက်ပါ တာဝန်ထမ်းဆောင်စဉ် ၂၀၁၇ ဩဂုတ်ဖြစ်စဉ်၌ ခုံတိုင် (မြို)ကျေးရွာမှ အသက်ဆုံးရှုံးခဲ့ရ ၆ ဦး၏ မိသားစုဝင်များနှင့် ဒဏ်ရာရသူ ၇ ဦးအတွက် ထောက်ပံ့ကြေးများပေးအပ်ခဲ့ပါသည်။ ထို့အပြင် ဝန်ကြီးဌာနနှင့် တာဝန်ယူထားသည့် လုပ်ငန်းကော်မတီများအနေဖြင့် ဒေသဖွံဖြိုးရေးဆိုင်ရာနှင့် လူသားခြင်းစာနာမှုဆိုင်ရာ အထောက်အပံ့များပေးရေးဆိုင်ရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။









