Category Archives: News
-
ဇမ္ဗူသီရိမြို့နယ်၊ အ.လ.က(ခွဲ)၊ ဗလသိဒ္ဓိစာသင်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြာပွဲ ကျင်းပပြုလုပ်မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်၊ အ.လ.က(ခွဲ)၊ ဗလသိဒ္ဓိစာသင်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြာပွဲ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၆၀) ဦးတို့တက်ရောက်ခဲ့ကြပါသည်။ တာဝန်ရှိသူများက တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်များ ဟောပြောခဲ့ပြီး ဂိမ်းကစားခြင်းများဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် သဘာဝဘေးအသိပညာပေး ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ၊ ဗလာစာအုပ်နှင့် ဘောလ်ပင်များ ဝေငှခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
မကွေးမြို့နယ်၊ ကန်သာလေးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကန်သာလေးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၂၄-၁၀-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ ရာ ကျောင်းသား/ကျောင်းသူများနှင့် ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများက တက်ရောက်လာသူများအား သဘာဝဘေးမကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီး နောက်ဆောင်ရွက်ရမည့် ဆောင်ရန်၊ရှောင်ရန််များကို ရှင်းလင်းပြောခြင်းနှင့် လက်ကမ်းစာစောင်များ၊ ခေါက်ဆွဲခြောက်များအား ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုုံး (ကဆရ)
-
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသားအဆင့်ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီများ၏ ပထမအကြိမ် အစည်းအဝေးများ ကျင်းပပြုလုပ်
၂၄.၁၀.၂၀၁၇၊ နေပြည်တော် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကြီးကြပ်ရေးအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဟိုတယ်ဇုံရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်ရာ ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းသည် ပဋိသန္ဓေ နေစဉ်ကာလမှ စတင်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်အရွယ်မှစ၍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မှသာလျှင် နိုင်ငံ၏အနာဂါတ်အတွက် ကောင်းမွန်သော လူငယ်၊ လူရွယ်များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ ပြုစုပျိုးထောင်ရေးနှင့် ဖွ့့ံဖြိုးရေးဟူ၍ အပိုင်း(၂)ပိုင်းရှိကြောင်း၊ကလေးငယ်များ၏ ရုပ်ပိုင်းဆုုိင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးသည် အရေးကြိီးကြောင်း၊ … Read more
-
တောင်ကြီးမြို့နယ်၊ အထက ပင်းပက်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၀-၂၀၁၇) ရက်နေ့ နေ့လည်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ အထက ပင်းပက်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည််။ တာဝန်ရှိသူများက တက်ရောက်လာသူများထံ လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကသာမြို့နယ်၊ တုံးပေါကျေးရွာအုပ်စု၊ တုံးပေါကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၀-၂၀၁၇) ရက်နေ့တွင် ကသာမြို့နယ်၊ တုံးပေါကျေးရွာအုပ်စု၊ တုံးပေါကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ကျေးရွာသူ၊ ကျေးရွာသား (၁၀၀) ဦးတက်ရောက်ခဲ့ပါသည်။ တာဝန်ရှိသူများက တက်ရာက်လာသူများထံ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပရဟိတလူမှုအဖွဲ့များကွန်ယက် ချိတ်ဆက်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း
၂၄-၁၀-၂၀၁၇ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေသည် (၂၄-၁၀-၂၀၁၇) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (ရန်ကုန်ရုံးခွဲ) ၌ လူငယ်ပရဟိတအဖွဲ့များ၊ မြန်မာနိုင်ငံလူမှုကူညီရေးအဖွဲ့တို့နှင့် တွေ့ဆုံခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း “ပရဟိတလူမှုအဖွဲ့များကွန်ယက် ချိတ်ဆက်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေး” ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
“သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်နည်းပြသင်တန်း” ဖွင့်လှစ်ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးမြို့၊ Community Center တွင် “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်နည်းပြသင်တန်း”အား (၂၄-၁၀-၂၀၁၇) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား ၊သင်တန်းသူ စုစုပေါင်း (၆၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၄-၁၀-၂၀၁၇)ရက်နေ့မှ (၃၀-၁၀-၂၀၁၇)ရက်နေ့အထိ (၇)ရက်တာ ကြာမြင့်မည်ဖြစ်ပါသည်။ ထိုသင်တန်းဖွင့်ပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးမှ တက်ရောက်ချီးမြှင့်ဂုဏ်ပြုပေးလျက် ရှိကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဝမ်းတွင်းမြို့နယ်၊ ကုန်းကြီးကျေးရွာမှ ရေစီးနှင့့်အတူ မျှောပါသေဆုံးခဲ့သူတစ်ဦးအတွက် ထောက်ပံ့ငွေ ပေးအပ်မှုသတင်း
မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဝမ်းတွင်းမြို့နယ်၊ ကုန်းကြီးကျေးရွာမှ ဦးစိုင်းမြတ်သူသည် သင်ပုန်းချောင်းအတွင်း ချောင်းရေဖြတ်ကူးစဉ် ရေစီးနှင့့်အတူ မျှောပါသေဆုံးခဲ့မှုကြောင့် သေဆုံးသူ၏ မိသားစုဝင်တစ်ဦးထံသို့ ထောက်ပ့ံငွေ (၃) သိန်းကျပ်အား ဝမ်းတွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









