Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်း ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၇) ရက်နေ့တွင် ပျဉ်းမနားမြို့နယ်၊ အ.လ.က ဆင်သေ စာသင်ကျောင်းတိုက်မှ ကျောင်းသား/ကျောင်းသူ (၂၉၁) ဦးတို့အား သဘာဝဘေးနှင့် ပတ်သက်သည့် ရှောင်ရန်/ ဆောင်ရန်အကြောင်းအရာများဟောပြောခြင်း၊ ဂိမ်းကစားခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
သာပေါင်းမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ တဘူးကျေးရွာ၌ လေပြင်းတိုက်ခတ်၍ ထန်းပင်လဲကျမှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာဓမ္မာရုံ နတ်လမ်း(သာသနိကအဆောက်အအုံ)အတွက် ထောက်ပံ့ငွေများ လှူဒါန်းမှုသတင်း
================================================= Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ တဘူးကျေးရွာ၌ (၁၁-၁၁-၂၀၁၇) ရက်ေန့တွင် လေပြင်းတိုက်ခတ်၍ ထန်းပင်လဲကျမှုကြောင့် သစ်သားတိုင်၊ ကွန်ကရစ်ခင်း(၂၄x၆x၈)ပေရှိ ကျေးရွာဓမ္မာရုံ နတ်လမ်း(သာသနိကအဆောက်အအုံ)ပျက်စီးခဲ့၍ ရန်ပုံငွေကျပ်(၁၀၀၀၀) ကျပ်အား (၁၅-၁၁-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာ၀န်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဂေါပကအဖွဲ့၀င်များထံသို့ ကွင်းဆင်းထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း သိရှိရပါသည်။
-
မြန်အောင်မြို့နယ်၊ ညောင်ဝိုင်းအုပ်စု၊ ဒေါင့်ကုန်းကျေးရွာ လေဘေးသင့်အိမ်ထောင်စုတစ်စုအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= မြန်အောင်မြို့နယ်၊ ညောင်ဝိုင်းအုပ်စု၊ ဒေါင့်ကုန်းကျေးရွာ၌ (၁၂-၁၁-၂၀၁၇) ရက်နေ့တွင် လေဘေးဖြစ်ပွားမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ ၁ လုံး၊ အိမ်ထောင်စု ၁ စု၊ လူဦးရေ ၃ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၄ မျိုး ၁ အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၆၃၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၅၄၄၃၀) ကျပ်တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ … Read more
-
ကြံခင်းမြို့နယ်၊ တန်းတပင်အုပ်စု၊ ကျောက်မှော်ကုန်းကျေးရွာ မီးဘေးသင့် အိမ်ထောင်စုတစ်စုအတွက် ထောက်ပံံ့မှုသတင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကြံခင်းမြို့နယ်၊ တန်းတပင်အုပ်စု၊ ကျောက်မှော်ကုန်းကျေးရွာ၌ (၈-၁၁-၂၀၁၇) ရက်နေ့တွင် မီးဘေးဖြစ်ပွားမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ ၁ လုံး၊ အိမ်ထောင်စု ၁ စု၊ လူဦးရေ ၃ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၄ မျိုး ၁ အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၆၃၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၁၄၄၃၀) ကျပ်တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၇) … Read more
-
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြစ်ဆယ်ကျေးရွာအုပ်စု၊ မြစ်ဆယ်ကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြစ်ဆယ်ကျေးရွာအုပ်စု၊ မြစ်ဆယ်ကျေးရွာ၌(၁၂-၁၁-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် ၂ လုံး၊ အိမ်ထောင်စု ၂ စုမှ လူဦးရေ ၈ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး ၂ အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာ ရ ရက်စာရန်ပုံငွေ (၁၆၈၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၆၈၀၀) ကျပ်တိတိအား … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၅-၁၁-၂၀၁၇) ရက်နေ့ (၀၉:၀၀) နာရီမှ (၁၀:၃၀) နာရီအချိန်ထိ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကချင် နှစ်ခြင်းဘုရားရှိခိုးကျောင်း ပန်ဟိုက်ရိုက်ကွက် နယ်မြေ (၇) တွင် သဘာဝဘေးအသိပညာပေးဟောပြော ပွဲပြုလုပ်ခဲ့ရာ သဘာဝဘေးနှင့်ပတ်သက်၍ မဖြစ်ပွားမီ၊ ဖြစ်ပွားစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန်/ ရှောင်ရန် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ဟောပြောဆွေးနွေးခဲ့ပြီး ဘေး (၆) မျိုးပါ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူအင်အား … Read more
-
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏ လုပ်ငန်းအကောင်အထည်ဖော်မှုအစီအစဉ် ညှိနှိုင်း အစည်းအဝေးကျင်းပ
================================================= နေပြည်တော် နိုဝင်ဘာ ၁၄ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)၏ လုပ်ငန်းအကောင် အထည်ဖော်မှုအစီအစဉ် ညှိနှိုင်းအစည်းအဝေးကို (၁၄-၁၁-၂၀၁၇) ရက်နေ့၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ သက်ဆိုင်ရာဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေး၌ UEHRD ၏စီမံချက်တွင် ပါ၀င်ရေးဆွဲထားသည့် လူသားချင်းစာနာထောက်ပံ့မှု အကူအညီများ ပေးခြင်း … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Centre for Humanitarian Dialogue မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr.Adam Cooper က လာရောက်တွေ့ဆုံမှုသတင်း
(၁၄.၁၁.၂၀၁၇) ရက်နေ့၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Centre for Humanitarian Dialogue မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် ဖြစ်သူMr. Adam Cooperလာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင်Centre for Humanitarian Dialogue အဖွဲ့၏ နောက်ခံသမိုင်းကြောင်း ရည်ရွယ် ချက်နှင့် လုပ်ငန်းများအားဒေသတွင်း ဆောင်ရွက်နေသော ငြိမ်းချမ်းရေးအထောက်အကူပြုလုပ်ငန်းများ၊ ငြိမ်းချမ်းရေးဆိုင်ရာ အကြံဉာဏ်များပေးသည့်ကိစ္စရပ်များ၊ စွမ်းရည်မြှင့်သင်တန်းများနှင့် ပဋိပက္ခကာကွယ် တားဆီးရေး လုပ်ငန်းများအားရှင်းလင်း တင်ပြပြီးရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် တစ်နိုင်ငံလုံးစည်းစည်းလုံးလုံးတိုးမြှင့်ဆောင်ရွက်နေမှုများကြောင့် မိမိတို့အဖွဲ့အစည်းများ အနေ … Read more
-
ဗန်းမော်မြို့ AD 2000 IDP စခန်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၇) ရက်နေ့တွင် ဗန်းမော်မြို့ AD 2000 IDP စခန်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူ (၉၀) ဦးထံ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
-
ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်၊ နယ်မြေ (၈) လီဆူးဘုရားကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
================================================= Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= (၁၄-၁၁-၂၀၁၇) ရက်နေ့၊ နေ့လည် (၁၃းဝဝ ~ ၁၅းဝဝ) နာရီအချိန်တွင် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်၊ နယ်မြေ (၈) လီဆူးဘုရားကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ တာဝန်ရှိသူများက သဘာဝဘေးနှင့်စပ်လျဉ်းသည့်အကြောင်းအရာများအား ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ (၁၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။









