သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၅-၁၁-၂၀၁၇) ရက်နေ့ (၀၉:၀၀) နာရီမှ (၁၀:၃၀) နာရီအချိန်ထိ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကချင် နှစ်ခြင်းဘုရားရှိခိုးကျောင်း ပန်ဟိုက်ရိုက်ကွက် နယ်မြေ (၇) တွင် သဘာဝဘေးအသိပညာပေးဟောပြော ပွဲပြုလုပ်ခဲ့ရာ သဘာဝဘေးနှင့်ပတ်သက်၍ မဖြစ်ပွားမီ၊ ဖြစ်ပွားစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန်/ ရှောင်ရန် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ဟောပြောဆွေးနွေးခဲ့ပြီး ဘေး (၆) မျိုးပါ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူအင်အား (၁၀၀) ဦးခန့်ရှိ ကြောင်း သတင်းရရှိပါသည်။

Source:       ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events