=================================================
နေပြည်တော် နိုဝင်ဘာ ၁၄
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)၏ လုပ်ငန်းအကောင် အထည်ဖော်မှုအစီအစဉ် ညှိနှိုင်းအစည်းအဝေးကို (၁၄-၁၁-၂၀၁၇) ရက်နေ့၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ သက်ဆိုင်ရာဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ UEHRD ၏စီမံချက်တွင် ပါ၀င်ရေးဆွဲထားသည့် လူသားချင်းစာနာထောက်ပံ့မှု အကူအညီများ ပေးခြင်း နှင့် ပြန်လည် လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ရေရှည်ပဋိပက္ခကင်းဝေးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရန် အသေးစိတ် အစီအစဉ်များနှင့် UEHRD တွင် ပါဝင်နိုင်မည့် အခြေအနေများကို ကဏ္ဍအလိုက် ထည့်သွင်း ရေးဆွဲခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။