Category Archives: News
-
မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များ အပြန်အလှန်လေ့လာသင်ယူမှုအစီအစဉ် ပြုလုပ်မှုသတင်း
================================================= Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= (၁၅-၁၁-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် UN Volunteer အဖွဲ့တို့ပူးပေါင်း၍ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များ အပြန်အလှန်လေ့လာသင်ယူမှုအစီအစဉ်အား မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ (၀၉းဝဝ) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဦးစီးမှူး၊ ဦးသောင်းရွှေက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၇) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် အင်းတော်မြို့နယ်၊ အောင်းကုန်းကျေးရွာသူ/သား (၈၀) ဦးခန့် အားလည်းကောင်း၊ (၁၃:၀၀) နာရီအချိန်တွင် နန့်သာကုန်းကျေးရွာသူ/သားများနှင့် ကျောင်းသား/သူ (၇၀) ဦး ခန့်အားလည်းကောင်း၊ (၁၄:၃၀) နာရီအချိန်တွင် နန့်သာကုန်းရွာသစ်ကျေးရွာသူ/သား (၇၀) ဦးအားခန့်အား လည်းကောင်း သဘာဝဘေးအသိပညာများ ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ခနာကျေးရွာ၌ မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူအတွက် ၄င်း၏ ဇနီးဖြစ်သူထံ ထောက်ပံ့ငွေပေးအပ်မှုသတင်း
================================================= Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= (၁၁-၁၁-၂၀၁၇) ရက်နေ့တွင် ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ခနာကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ ဦးကျော်ဇင်မိုး (၃၇) နှစ်၊ (ဘ) ဦးလှအေးအတွက် ထောက်ပံ့ငွေ (၃) သိန်းကျပ်အား (၁၅-၁၁-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သေဆုံးသူ၏ ဇနီးဖြစ်သူ မနှင်းအိဖြူ ထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ နှစ်စဉ်သဘာဝဘေးဒဏ် ခံစားရလျက်ရှိသော ထိန်ကုန်းကျေးရွာနှင့် ငွေတော်ကြည်ကုန်းကျေးရွာတို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
================================================= Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၇) ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ နှစ်စဉ်သဘာဝဘေးဒဏ် ခံစားရလျက်ရှိသော ထိန်ကုန်းကျေးရွာနှင့် ငွေတော်ကြည်ကုန်းကျေးရွာတို့၌ သဘာဝဘေးအန္တရာယ်နှင့်ပက်သတ်၍ ရှောင်ရန် ဆောင်ရန်အချက်များ၊ ကြိုတင်ကာကွယ်ခြင်းများ၊ ကြိုတင်ပြင်ဆင်ခြင်းများ၊ လိုက်နာဆောင်ရန်လိုအပ်ချက်များစသော အသိပညာပေးဟောပြောပွဲကို သွားရောက်ပို့ချဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
-
UEHRD စီမံကိန်းလုပ်ငန်းများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း
၁၅.၁၁.၂၀၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထား ရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏ လုပ်ငန်းများဆောင်ရွက်ရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ထမ်းမိသားစုများ၊ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း၊ သစ်အခြေခံပရိ ဘောဂ အသင်း၊ သစ်အခြေခံအနုပညာအသင်း၊ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းတို့က လှူဒါန်းငွေကျပ် (၂၁,၉၆၁,၀၀၀) ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယနေ့ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သို့ လာရောက်ပေးအပ်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
ကော့ကရိတ်မြို့နယ်၊ ရေလယ်ကုန်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၇) ရက်နေ့၊ (၀၉း၃၀ ~ ၁၁း၃၀) နာရီအချိန်တွင် ကော့ကရိတ်မြို့နယ်၊ ရေလယ်ကုန်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၇) ရက်နေ့ (၁၂:၃၀) နာရီမှ (၁၄:၃၀) နာရီအချိန်ထိ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ခိုမိုကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး မီးဘေး၊ လေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးများ မဖြစ်ပွားမီ၊ ဖြစ်ပွားစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ဟောပြောဆွေးနွေးခဲ့ပြီး ဘေး (၆) မျိုးပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါ သည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူအင်အား (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ) … Read more
-
ကော့ကရိတ်မြို့နယ်၊ ကုလားကျောက်ဖျာကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကော့ကရိတ်မြို့နယ်၊ ကုလားကျောက်ဖျာကျေးရွာ၌ မီးလောင်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၂) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး (၂) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၂) သိန်း အိမ်ခြေ (၂) လုံးစာနှင့် လူဦးရေ ၄ ဦးစာအတွက် ဆန်ရိက္ခာဖိုး ၈၄၀၀ ကျပ်တိတိ စုစုပေါင်း (၂၀၈၄၀၀) ကျပ်အား ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၇) ရက်နေ့တွင် ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၇) ရက်နေ့တွင် ဗန်းမော်မြို့၊ နည်းပညာစက်မှုအထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်ဖြန့်ဝေ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ (၁၂၀) ဦးခန့် ရှိကြောင်း သတင်း ရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)









