=================================================
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
=================================================
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၇) ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ နှစ်စဉ်သဘာဝဘေးဒဏ် ခံစားရလျက်ရှိသော ထိန်ကုန်းကျေးရွာနှင့် ငွေတော်ကြည်ကုန်းကျေးရွာတို့၌ သဘာဝဘေးအန္တရာယ်နှင့်ပက်သတ်၍ ရှောင်ရန် ဆောင်ရန်အချက်များ၊ ကြိုတင်ကာကွယ်ခြင်းများ၊ ကြိုတင်ပြင်ဆင်ခြင်းများ၊ လိုက်နာဆောင်ရန်လိုအပ်ချက်များစသော အသိပညာပေးဟောပြောပွဲကို သွားရောက်ပို့ချဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။