သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၇) ရက်နေ့ (၁၂:၃၀) နာရီမှ (၁၄:၃၀) နာရီအချိန်ထိ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ခိုမိုကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး မီးဘေး၊ လေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးများ မဖြစ်ပွားမီ၊ ဖြစ်ပွားစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ဟောပြောဆွေးနွေးခဲ့ပြီး ဘေး (၆) မျိုးပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါ သည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူအင်အား (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။

Source:        ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)

 

Sign Up

Upcoming Events