ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၇) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် အင်းတော်မြို့နယ်၊ အောင်းကုန်းကျေးရွာသူ/သား (၈၀) ဦးခန့် အားလည်းကောင်း၊ (၁၃:၀၀) နာရီအချိန်တွင် နန့်သာကုန်းကျေးရွာသူ/သားများနှင့် ကျောင်းသား/သူ (၇၀) ဦး ခန့်အားလည်းကောင်း၊ (၁၄:၃၀) နာရီအချိန်တွင် နန့်သာကုန်းရွာသစ်ကျေးရွာသူ/သား (၇၀) ဦးအားခန့်အား လည်းကောင်း သဘာဝဘေးအသိပညာများ ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကသာခရိုင်ဦးစီးမှူးရုံး(ကဆရ)