Category Archives: News
-
UEHRD စီမံကိန်းလုပ်ငန်းများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း
၁၇.၁၁.၂၀၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏ လုပ်ငန်းများဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံပုံနှိပ်နှင့်ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်းက လှူဒါန်းငွေကျပ် သိန်း(၂၀၀)ကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ကလည်းကောင်း၊ နယူးယောက်မြို့ရှိ မြန်မာ-အမေရိကန် ဆေးပညာအသင်းက လှူဒါန်း သောအမေရိကန် ဒေါ်လာ(၁၀၀၀၀)ကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်တင်က လည်းကောင်း၊ ရန်ကုန်မြို့ရှိတီမောလက်စ်တေသံရုံးကလှူဒါန်းသော အမေရိကန်ဒေါ်လာ (၈၀၀၀) ကို သံအမတ်ကြီးက လည်းကောင်း၊ ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများ … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၇-၁၁-၂၀၁၇) ရက်နေ့တွင် သာပေါင်းမြို့နယ်၊ အထကခွဲ လှေကြီးတက်နှင့် အထက(သာပေါင်း) ကျောင်းတို့တွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်ဝေငှပေးခြင်းနှင့် ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဒုမြို့နယ် ပညာရေးမှူးနှင့် ဆရာ/ဆရာမများအပါအဝင် ကျောင်းသား/သူ စုစုပေါင်း (၁၁၀၀)ဦးခန့် တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၁-၂၀၁၇)ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၁:၃၀)အချိန်ထိ မြောင်းမြမြို့၊ အထက (၂) ရေတွင်း ရေကန် ကျောင်းမှ ကျောင်းသား/သူ (၃၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပေးဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့ပြီး သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များ ဟောပြောခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်း၊ ဘေး(၈)မျိုးပါ ပိုစတာပေးအပ်ခြင်းနှင့် DAN Mobile Application ထည့်သွင်း ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ခန္တီးအိမ်တွင်းမှုသင်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၇-၁၁-၂၀၁၇) ရက်နေ့၊ (၁၃းဝဝ ~ ၁၄း၃၀) နာရီအချိန်တွင် ခန္တီးအိမ်တွင်းမှုသင်တန်းကျောင်းရှိ သင်တန်းသူ (၆၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောမှုများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်အုပ်စု၊ ကျောက်ပြောက်ကျေးရွာ၌ မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
================================================= Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၇) ရက်နေ့၊ နံနက် (၀၉းဝဝ) မှ (၁၂းဝဝ) ထိ ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်အုပ်စု၊ ကျောက်ပြောက်ကျေးရွာ၌ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကျောက်ပြောက်ကျေးရွာ (အ .လ.က) ကျောင်းမှ ကျောင်းသူ/သားများနှင့် ကျောက်ပြောက်ကျေးရွာမှ ရွာသူ၊ ရွာသားများ စုစုပေါင်း (၁၅၀) ဦးကျော်ခန့် ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ၄င်းနောက် မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း … Read more
-
ပလက်ဝမြို့နယ် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်သည် (၁၆-၁၁-၂၀၁၇) ရက်နေ့ (၁၂း၃၀) နာရီအချိန်တွင် ပလက်ဝမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကီမိုခန်းမ၌ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလကိမှုဝန်ကြီး ဆလိုင်းအိုင်ဇက်ခင်နှင့်အတူ ပလက်ဝမြို့နယ် တိုက်ပွဲရှောင် အိမ်ထောင်စု (၆၇) စု၊ လူဦးရေ (၃၃၄) ဦးအတွက် ဆန်ရိက္ခာ တစ်လစာ (၁၀၄) အိတ်နှင့် (၉)ပြည်၊ စားဆီ (၆၇) ပိဿာ၊ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၇) ရက်နေ့ နံနက် (၀၉:၃၀)နာရီမှ (၁၂:၀၀) နာရီအချိန်ထိ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အထက (၁) မှ ဆရာ/ဆရာမ (၆) ဦး၊ ကျောင်းသား/သူ (၃၁၉) ဦး၊ စုစုပေါင်း (၃၂၅)ဦးအားလည်းကောင်း၊ (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီအချိန်တွင် အလက (ခွဲ) ကျောင်းမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း (၂၂၂) ဦးအားလည်းကောင်း သဘာဝဘေးအသိပညာပေး ဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၇) ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ အ.လ.က (၇) စက်ကြီးဆည်မြောင်းကျောင်း၌ ကျေးရွာသူ/သား (၁၅၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
UEHRD ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UN Resident and Humanitarian Coordinator နှင့် Myanmar MEDECINA SANS FRONTIERES အဖွဲ့တို့မှ သီးခြားစီ လာရောက်တွေ့ဆုံ
================================================= ၁၆.၁၁.၂၀၁၇၊ နေပြည်တော် ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UN Resident and Humanitarian Coordinator ဖြစ်သူ Mr.Knut Ostby နှင့် MSF- Switzerland In Myanmar, MEDECINA SANS FRONTIERES မှ Head of Mission ဖြစ်သူ Mr. Kevin Coppock ဦးဆောင်သော အဖွဲ့တို့က (၁၆-၁၁-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါ၀န်ကြီးရုံး၊ … Read more
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဘုရားကလေးကျေးရွာအုပ်စု၊ ကံလျှက်တောကျေးရွာ၌ (၁၁-၁၁-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား (၁၆-၁၁-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)









