=================================================
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်သည် (၁၆-၁၁-၂၀၁၇) ရက်နေ့ (၁၂း၃၀) နာရီအချိန်တွင် ပလက်ဝမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကီမိုခန်းမ၌ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလကိမှုဝန်ကြီး ဆလိုင်းအိုင်ဇက်ခင်နှင့်အတူ ပလက်ဝမြို့နယ် တိုက်ပွဲရှောင် အိမ်ထောင်စု (၆၇) စု၊ လူဦးရေ (၃၃၄) ဦးအတွက် ဆန်ရိက္ခာ တစ်လစာ (၁၀၄) အိတ်နှင့် (၉)ပြည်၊ စားဆီ (၆၇) ပိဿာ၊ ဆား (၆၇) ပိဿာ၊ ပဲ (၆၇) ပိဿာတို့အား ထောက်ပ့ံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။