သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

17 Pic 02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၇) ရက်နေ့ နံနက် (၀၉:၃၀)နာရီမှ (၁၂:၀၀) နာရီအချိန်ထိ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အထက (၁) မှ ဆရာ/ဆရာမ (၆) ဦး၊ ကျောင်းသား/သူ (၃၁၉) ဦး၊ စုစုပေါင်း (၃၂၅)ဦးအားလည်းကောင်း၊ (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီအချိန်တွင် အလက (ခွဲ) ကျောင်းမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း (၂၂၂) ဦးအားလည်းကောင်း သဘာဝဘေးအသိပညာပေး ဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခြင်းနှင့် ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

 

Sign Up

Upcoming Events