=================================================
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၇) ရက်နေ့၊ နံနက် (၀၉းဝဝ) မှ (၁၂းဝဝ) ထိ ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်အုပ်စု၊ ကျောက်ပြောက်ကျေးရွာ၌ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကျောက်ပြောက်ကျေးရွာ (အ .လ.က) ကျောင်းမှ ကျောင်းသူ/သားများနှင့် ကျောက်ပြောက်ကျေးရွာမှ ရွာသူ၊ ရွာသားများ စုစုပေါင်း (၁၅၀) ဦးကျော်ခန့် ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ၄င်းနောက် မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို တက်ရောက်လာသူများထံ ရှင်းလင်းပြောကြားခဲ့ပြီး ထမင်းကျွေးမွေးခြင်း၊ ခေါက်ဆွဲခြောက်များ ဝေငှပေးခြင်း၊ ရေသန့်ဗူးများ၊ အချိုရည်များနှင့် သဘာဝဘေးအတွက် ဆောင်ရန်၊ ရှောင်ရန် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။ အဆိုပါဇာတ်တိုက်လေ့ကျင့်ခြင်းအား ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ကျောက်ဖြူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ အကြီးအကဲများ၊ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။