Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၉-၁-၂၀၁၈) ရက်နေ့တွင် မုံရွာမြို့နယ်၊ နတ်ဂါးတွင်းကျေးရွာ အ.ထ.က(ခွဲ) ကျောင်းမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၆၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကြီးမှူး၍ “မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း“အား ပုသိမ်မြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးဝန်းခန်းမ၌ (၉-၁-၂၀၁၈) ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် ဖွင့်ပွဲအခမ်း အနားကျင်းပခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုးမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပုသိမ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါ သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ (၄၅) ဦးတက်ရောက်ခဲ့ပြီး ပုသိမ်မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင် သင်တန်းသား/သူ (၃၀) ဦးဖြင့် (၉-၁-၂၀၁၈) ရက်နေ့မှ (၁၁-၁-၂၀၁၈) ရက်နေ့အထိ … Read more
-
ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းအဆင့်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ရက်တိုသင်တန်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောမှုသတင်း
================================================= Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= (၉-၁-၂၀၁၈) ရက်နေ့တွင် ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းအဆင့်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ရက်တိုသင်တန်း၌ ကချင်ပြည်နယ်ဦးစီးမှူး (ကဆရ) မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများနှင့် သဘာဝဘေးနှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်များ၊ ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များအား ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ၊ ပိုစတာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ကမ်းပြိုဘေးထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအုပ်စု၊ ဗလဘကျေးရွာတွင် (၂-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၂၁,၀၀၀)ကျပ်တို့အား (၉-၁-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ပါသည်၊၊ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကျိုင်းတုံမြို့နယ် မိုင်းပန်လယ်ကျေးရွာအုပ်စု ရွှေညောင်ပင်ကျေးရွာ မီးဘေးသင့် အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= (၆-၁-၂၀၁၈) ရက်နေ့တွင် ကျိုင်းတုံမြို့နယ် မိုင်းပန်လယ်ကျေးရွာအုပ်စု ရွှေညောင်ပင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁) လုံးမှ လူဦးရေ (၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁) သိန်းကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ (၄၂၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၁၀၄၂၀၀) ကျပ်တိတိအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁-၂၀၁၈) … Read more
-
ခန္တီးမြို့ အခြေခံပညာအလယ်တန်းကျောင်းခွဲ (နားမေတ္တာ) ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောမှုသတင်း
================================================= Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၁၈) ရက်နေ့ (၁၅းဝဝ) နာရီအချိန်တွင် ခန္တီးမြို့ အခြေခံပညာအလယ်တန်းကျောင်းခွဲ (နားမေတ္တာ) ၌ ကျောင်းသား၊ ကျောင်းသူ (၂၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မော်လမြိုင်မြို့နယ်၊ ညောင်ပင်ဆိပ်ရပ်ကွက် မီးဘေးသင့် အိမ်ထောင်စုတစ်စုအတွက် ထောက်ပံ့မှုသတင်း
================================================= Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= (၇-၁-၂၀၁၈) ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ ညောင်ပင်ဆိပ်ရပ်ကွက်၌ မီးလောင်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ် ၁ လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ family kit (၁) ထုပ်၊ ပလပ်စတစ်ရေပုံး ၂ ပုံးအားလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ ၁သိန်း၊ လူဦးရေ ၁ ဦး အတွက် ဆန်ဖိုးငွေ ၂၁၀၀ ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၁၀၂၁၀၀) ကျပ်တိတိအား (၈-၁-၂၀၁၈) ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူး (ကဆရ)နှင့် … Read more
-
မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာ(အ.ထ.က)ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
================================================= Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာ(အ.ထ.က)ကျောင်း၌ (၈-၁-၂၀၁၈) ရက်နေ့တွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၅၅) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးက တာဝန်ပြီးဆုံး၍ လာရောက်နှုတ်ဆက်
================================================= ၈-၁-၂၀၁၈၊ နေပြည်တော်—————– လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E Mr. Mohammad Suffiur Rahman က (၈-၁-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးက မိမိအနေဖြင့် ယခုလကုန်ပိုင်းတွင် တာဝန်ပြီးဆုံးပြီဖြစ်၍ လာရောက်နှုတ်ဆက်ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၃ ခုနှစ် တာဝန် ထမ်းဆောင်ချိန်မှစ၍ နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ရခိုင်ပြည်နယ်ခရီးစဉ်များတွင် ပြည်သူများနှင့်တွေ့ဆုံပြီး ဘက်ပေါင်းစုံမှ တင်ပြချက်များကို နားထောင်ခြင်းဖြင့် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၈-၁-၂၀၁၈) ရက်နေ့တွင် မုံရွာမြို့နယ်၊ ညောင်ဖြူကျေးရွာ (အ.ထ.က) ကျောင်းမှ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၅) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)









